အပိုင်း-၂၃ (Zawgyi + Unicode)

Beginne am Anfang
                                    

ဘယ်လိုတောင်ရက်စက်ပြီး အကြင်နာတရားခေါင်းပါးတဲ့သူကြီးလဲ … ပိုင်ရန်တိတ်တိတ်လေးသာ အထွန့်တက်နေတယ်။

“မင်းငါ့ကို ကြိုက်နေတာလား?”

ဟမ်?

နတ်ဆိုးဘုရင်ကြီးရဲ့စကားလုံးတွေက ပိုင်ရန့်ကိုဘာတွေဆက်ပြောရမှန်းတောင် မသိတော့တာကြောင့် သူ့ပါးစပ်ကိုဖွင့်ဟပြီး ကြောင်တောင်တောင်နဲ့ပြောလိုက်တာက “အာ..”

အမှောင်ထုနတ်ဆိုးဘုရင်ကြီးက မျက်မှောင်ကိုကြုတ်ပြီး “မင်းကိုယ်တော့်ကိုတောင်ပေါ်မှာ ထိတုန်းကလည်း ကိုယ်တော်မင်းခံစားချက်ကို သတိထားမိနေတာ၊ နောက်တော့ မင်းအိမ်တော်ကိုပြန်သွားပြီးနောက် ဘယ်သူ့ကိုမှမထိတွေ့တော့ဘူးလို့ကြားတယ်၊ ပြီးတော့ ပုံမှန်ထက်လည်းအများကြီးပြောင်းလဲသွားတယ်… မသေချာပေမယ့် မင်းကိုယ်တော့်အပေါ်မှာ ခံစားချက်ရှိနေမယ်လို့တော့ ခန့်မှန်းမိသားပဲ”

ပိုင်ရန် “…”

ပိုင်ရန်ခေါင်းတွေ ချာချာလည်နေပြီ။

သူကဘယ်သူလဲ? သူဘယ်ကရောက်လာတာလဲ? သူဘာတွေလာပြောနေတာလဲ?

ပိုင်ရန်ထိတ်လန့်နေတာကို ဂရုမစိုက်ဘဲ နတ်ဆိုးဘုရင်ကြီးကဆက်ပြောနေတယ် “အဲ့တာပဲ မင်းထာဝရအမှောင်ထုနန်းတော်မှာ တိတ်တိတ်လေးလာနေတုန်းကပဲ၊ မင်းကိုယ်တော့်ကိုကပ်ချင်လို့ လာနေတာ ဟုတ်တယ်မှတ်လား? ပြီးတော့ မင်းကအတွင်းစိတ်ရိုင်းတွေကြောင့် ဝေဒနာခံစားနေရတဲ့ကိုယ်တော့်ကိုတွေ့တာတောင် ထွက်ပြေးတာဖြစ်ဖြစ်၊ ကိုယ်တော့်ကိုသတ်ဖို့အခွင့်ကောင်းယူတာဖြစ်ဖြစ် မလုပ်ခဲ့ဘဲ မင်းအသက်ကိုတောင်စွန့်ပြီး ကိုယ်တော့်ကိုနှိုးခဲ့သေးတယ်၊ အဲ့တာကြောင့် မင်းအမှန်တကယ် ကိုယ်တော့်ကိုသဘောကျတယ်လို့ပဲ တွေးတယ်”

ဘယ်လို?

ဘယ်လို, ဘယ်လို?

ဘယ်လို, ဘယ်လို, ဘယ်လို?

နတ်ဆိုးဘုရင်ကြီးရဲ့လေသံက တည်ငြိမ်ပြီး သူ့စကားလုံးတွေကလည်း အကျိုးကြောင်းဆီလျှော်မှုရှိတယ်။ အဲ့တာကို ပိုင်ရန်ကဘာကြောင့်များ တစ်ခုခုတော့လွဲနေတယ်လို့ ခံစားနေရတာလဲ?

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Wo Geschichten leben. Entdecke jetzt