အပိုင်း ၁၇

3.7K 238 12
                                    

"ရှောင်ကျန်း..မင်းဘယ်တော့ ကုမ္ပဏီကို ပြန်လာမှာလဲ?"

"အင်း..င့ါကိစ္စလေးတွေ ပြီးသွားရင် ပြန်လာမှာပါကွ..ခုတော့ မင်းပဲခဏ ကြည့်ကြပ်ပေးထားပါဦးနော်..ချစ်သူငယ်ချင်းကြီးကလည်း..."

"ဟင်း....မျက်နှာချိုကတော့ သွေးတတ်ပါ့.."

"မဟုတ်ပါဘူးကွာ..ကူညီလက်စနဲ့ ဆက်ကူညီလိုက်တော့ မင်းကုသိုလ်ရတာပေါ့ မဟုတ်ဘူးလား?ဟိုလေ..စကားပုံတောင်ရှိသေးတယ်..ဘာလဲ....အော်..ပို့မယ်ပို့ ကူးတို့ရောက်အောင်ပို့တဲ့..."

"အမယ်လေး...စကားတွေတတ်နေပါလား?ဘာလဲ မင်းကလေးနဲ့ ပြန်တွေ့ရလို့ အူးမြူးနေတာမလား?"

ဟုတ်ပါတယ်..ရှောင်ကျန်း ဒီလို ပြန်ပြုံးလာတာ မြင်ရတော့ သူလည်းထပ်တူ ဝမ်းသာမိသည်။အရင်တုန်းက ရှောင်ကျန်း ပြန်ရောက်လာသလို ခံစားမိတယ်...

"အင်း..."ပြုံးပြီးပြန်ဖြေလာတဲ့ သူငယ်ချင်းဖြစ်သူအား..

"ကောင်းပါတယ်ကွာ..မင်းခုလို တက်တက်ကြွကြွ ပြန်ဖြစ်လာတဲ့အတွက် ငါ မင်းအတွက် အရမ်းဝမ်းသာတယ် ရှောင်ကျန်း..."

"မင်းသိလား ကျန်ချန်း..ငါကိုလေ ကလေးက အခု သူစိမ်းဆန်ဆန် ဆက်ဆံနေတယ်..ဒါ ငါမှားခဲ့တဲ့ အမှားတွေကြောင့် ငါ ပြစ်ဒဏ်ပြန်ခံရတာ နေမှာကွာ..ငါက သူ့ကို အမြဲနာကျင်စေခဲ့တာမလား?သူ ဒီလို ပြန်ဆက်ဆံနေတာတော့ ဖြစ်သင့်ပါတယ်လေ..."

"အေး...မင်းဘက်က တကယ်ရော သေချာရဲ့လားကွာ..သူကသာ ရိပေါ်ဆိုရင် မင်းကို အဲ့လိုမျိုး မသိချင်ယောင်ဆောင်နေလိမ့်မယ်လို့တော့ ငါမထင်ဘူး..."

"ဒါဆို မင်း..ဆိုလိုချင်တာက.."

"ဟုတ်တယ်..ရှောင်ကျန်း..မင်းရဲ့ မျှော်လင့်ချက်ကိုတော့ ငါ မရိုက်ချိုးချင်ပါဘူး..ဒါပေမဲ့ ခု အခြေအနေအရဆို သူက မင်းရဲ့ ရိပေါ် မဟုတ်ဖို့ကများနေတယ်.."

"ကျန်ချန်း...ငါ့ဘက်ကတော့ သေချာတယ်..သူက ကလေးဆိုတာ..ငါ သူ့ကိုတွေ့ကတည်းက ခံစားမိတယ်.."

"ဒါဆို မင်းခုဘာဆက်လုပ်မယ်တွေးထားလဲ?"

"ငါ အခု သူ့ဆီ ထပ်သွားမယ်...ပြီးတော့ အရာရာအတွက် သူမကျေနပ်မချင်း တောင်းပန်မယ်ကွာ.."

Absolute boyfriend (Unicode)💚[complete]Where stories live. Discover now