အပိုင်း ၁

13.7K 415 6
                                    

Club တစ်ခု၏ မီးရောင်အောက်တွင် တီးလုံးသံမြိုင်စွာဖြင့် ကနေသော ကောင်လေးတစ်ယောက်။

ရှောင်ကျန်း...ရှောင်ကျန်း...မင်းအရမ်းမူးနေပြီ။လာပြန်ရအောင်။

ပြောပြောဆိုဆိုနှင့် ကျွန်တော့်ကို စားပွဲဝိုင်းဆီသို့ တွဲကူလိုက်သောသူကား တစ်ခြားသူမဟုတ်။ကျွန်တော့်ရဲ့ အချစ်ရဆုံး ငယ်သူငယ်ချင်းကြီး ကျန်ချန်း။

"သွားပါ...ငါအဲ့လောက်လည်းမမူးသေးပါဘူး။ငါဆက်သောက်ချင်သေးတယ် ကျန်ချန်း။ငါ့ကိုလွှတ်..."

"ဟေ့ကောင် ရှောင်ကျန်း မင်းကလေ ပြောလေ ဆိုးလေပါလားကွာ။ခုက ညဥ့်အရမ်းနက်နေပြီလေ။မင်းအိမ်က စိတ်ပူနေလောက်ပြီကွာ။လာပါ..ငါကားမောင်းပြီးပြန်လိုက်ပို့ပေးမယ်။"

"အိမ်?အိမ် ဆိုပါလား...hkk..အိမ်မှာရော ငါ့ကိုစိတ်ပူပေးမယ့်သူ ရှိရောရှိသေးလို့လားကွာ။"

ထိုသို့ပြောရင်း စားပွဲပေါ် ခေါင်းစိုက်အိပ်ပျော်သွားသော မိမိသူငယ်ချင်းဖြစ်သူအား ကြည့်ရင်း စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပင်။

ဟုတ်ပါသည်။သူငယ်ချင်းဖြစ်သူ ရှောင်ကျန်းရဲ့ဘဝကား လွန်စွာသနားစရာကောင်းပေသည်။မိမိတို့ ငယ်ရွယ်စဉ်က မိစုံဖစုံနှင့် နွေးနွေးထွေးထွေး မိဘအရိပ်အောက်တွင် ကြီးပြင်းခဲ့ရသော်လည်း သူငယ်ချင်းဖြစ်သူ ရှောင်ကျန်းမှာမူ မိဘမေတ္တာဆိုတာကိုတောင် မခံစားခဲ့ရသူဖြစ်သည်။

ရှောင်ကျန်းမှာမူ ငယ်စဉ်ကတည်းက ဉာဏ်ကောင်းသောသူတစ်ဦး ဖြစ်ရုံသာမက ဘက်စုံတွင်လိုလေသေးမရှိပြည့်စုံလွန်းသူ ဖြစ်သည်။လူအများ အားကျရလောက်အောင် ရှောင်ကျန်း၏ ဘဝသည်ပြည့်စုံပါသော်လည်း အမှန်တကယ်တော့ ရှောင်ကျန်း၏ ရင်တွင်းရှိ သူ့ရဲ့ ဝမ်းနည်းဖွယ်ရာများကိုတော့ သူ့အခင်ဆုံးငယ်သူငယ်ချင်း ကျွန်တော်မှလွဲ၍ သေချာသိကြလိမ့်မည်မဟုတ်ပေ။

ကျန်ချန်းလည်း တွေးနေရာမှ အတွေးတို့ကို ဖြတ်ပြီး ရှောင်ကျန်းကို ကားဆီသို့ တွဲခေါ်ရင်း ရှောင်ကျန်းတို့ အိမ်သို့မောင်းလာခဲ့လိုက်သည်။

Absolute boyfriend (Unicode)💚[complete]Where stories live. Discover now