အပိုင်း ၃

4.1K 260 2
                                    

ရိပေါ်တစ်ယောက် ဂျီယန်တို့ မိသားစုနဲ့ ညစာစားပြီး အိမ်ပြန်လာခဲ့တယ်။

အိမ်ရောက်တော့ ည၈နာရီထိုးနေပြီဖြစ်သည်။

"ကော ပြန်ရောက်ပြီလား မသိဘူး။"ရိပေါ် စိတ်ထဲတွင်ရေရွတ်မိသည်။

"သားရိပေါ်...ဒီနေ့ပြန်တာနောက်ကျတယ်နော်သား။ဘယ်တွေ သွားနေတာလဲ။သခင်လေး သိရင်တော့ သား အပြစ်ပေးခံထိနေဦးမယ်နော်။"

အန်တီမြက စိတ်ပူ၍ပြောလိုက်ခြင်းပင်။ဟုတ်ပါတယ် ကျန်းကောက ကျွန်တော် အိမ်ပြန်နောက်ကျရင် မကြိုက်သလို အပြစ်လည်းပေးတတ်သည်။တစ်ခေါက်ကဆို ဂျီယန်တို့နဲ့ ကျေင်းဆင်းတော့ မုန့်သွားစားရင်း အပြန်ကို ကျွန်တော် နည်းနည်းလေး အိမ်ပြန်နောက်ကျမိတာကိုတောင် ကောက ဒေါသဖြစ်ကာ အပြစ်အနေဖြင့် ဂိုဒေါင်တွင် တစ်ပတ်အိပ်စေခဲ့သည်။

ဘာလို့ အဲ့လောက် ဒေါသထွက်ခဲ့လဲတော့ ရိပေါ်မသိ။ဒါပေမဲ့ သေချာတာကတော့ ကျန်းကော သူ့အပေါ် နဂိုထဲက အမြင်မကြည်သောကြောင့်လည်း ပါလိမ့်မည်ဟု ရိပေါ်တွေးခဲ့မိသေးသည်။

"ဟုတ်ကဲ့၊စိတ်ပူပေးတာ ကျေးဇူးပါပဲတီမြ။ကျွန်တော့် သူငယ်ချင်းမိသားစုနဲ့ ထမင်းတူတူ စားနေလို့ နည်းနည်းနောက်ကျသွားတာပါ။ကျွန်တော် တီမြဆီ ဖုန်းဆက်ဖို့ လုပ်သေးတယ် ဖုန်းက ဘက်ထရီကုန်သွားတာနဲ့။"

"ရပါတယ်သားလေးရယ်။ခု သခင်လေးပြန်မရောက်သေးတာပဲ ကံကောင်းတယ် ဆိုရမယ်။ဒါဆို သွားနားတော့လေ။ပင်ပန်းနေရောပေါ့။"

"ဟုတ်တီမြ။ကောက ခုထိ ပြန်မရောက်သေးဘူးလားဟင်။"

"အေး...ဒီနေ့ meeting ရှိလို့ ညဥ့်နက်နေတာနေမယ်။"

"အော်..ဟုတ်၊အာ့ဆို ကျွန်တော် သွားနားလိုက်ဦးမယ်နော်။"

"အေးကွယ်။"

ရိပေါ်တစ်ယောက် သူ့အခန်းဆီသို့ အရောက် လွယ်အိတ်ကို နီးရာ စားပွဲခုံပေါ်သို့ တင်လိုက်ပြီး ကျောင်းအကျီၤလဲကာ ရေချိုးဖို့ အလုပ်...

Ring..ring..

ဖုန်းမှအသံမြည်လာလို့ ကိုင်ဖို့အကြည့်"ဟင်..ကျင်းလင်ပါလား။"

Absolute boyfriend (Unicode)💚[complete]Where stories live. Discover now