အပိုင်း ၅

3.5K 235 0
                                    

ကျွန်တော် ခြံဝမှာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေမိတယ်။

"ကျန်းကော ဘာလို့ပြန်မရောက်သေးတာလဲ မသိဘူး။"

ပုံမှန်ဆို ကျန်းကော ညမှောင်တဲ့ နေ့တိုင်းက အရက်မူးမူးလာလို့ ကျန်ချန်းကောက ပြန်လာပို့ပေးနေကျ နေ့တွေချည်းပဲ။

"ပုံမှန် ဒီချိန်လောက်ဆို ပြန်ရောက်သင့်နေပြီကို။ဒါပေမဲ့  ဒီနေ့ ဘာလို့ ဒီလောက်နောက်ကျနေတာပါလိမ့်။"

ရိပေါ် သက်ပြင်းချရင်း ခြံရှေ့တွင် ထိုင်လိုက်သည်။

"သားရိပေါ်..မအိပ်သေးဘူးလား။သခင်လေးကို စောင့်နေပြန်တာလားသားရယ်။"

"ဟုတ်တီမြ၊ကောလေ ဘာဖြစ်လဲ မသိဘူး။အခုထိလဲ ပြန်မရောက်သေးဘူး။"

စိုးရိမ်တကြီးဖြင့်မေးလာသော ရိပေါ်အား"သားရယ် သခင်လေးဘာမှမဖြစ်လောက်ပါဘူး။သွားအိပ်ရင် အိပ်တော့လေ၊တီမြ စောင့်ပေးမယ်။"

"ရပါတယ်တီမြ၊ကျွန်တော် အိပ်လို့လဲပျော်မှာ မဟုတ်ဘူး။အဲ့တော့ ကျွန်တော်ပဲ ကော့ကို စောင့်နေလိုက်ပါ့မယ်။"

"အေးကွယ်၊အဲ့ဒါဆိုလဲ သားသဘောပါ။မနက်လဲ ကျောင်းသွားရမှာဆိုတော့ အကြာကြီးလဲ မအိပ်ပဲ မနေနဲ့ဦးနော်။"

"ဟုတ်ကဲ့၊တီမြ၊"

တီမြလဲ အိမ်ထဲပြန်ဝင်သွားပြီး နည်းနည်းကြာတော့ ကျွန်တော့်ဖုန်းမြည်လာတယ်။ကျွန်တော်လည်း ကောများလားဆိုတဲ့ အတွေးနဲ့ မြန်မြန်ပဲကိုင်လိုက်တယ်။

"ဟယ်လို.."

"ဟယ်လို ရိပေါ်လား"

"ဟုတ်ကဲ့...ဒါနဲ့ ခုပြောနေတာ ဘယ်သူလဲမသိဘူး"

"ကျန်ချန်းကောပါ"

"အော်ဟုတ် ကျန်ချန်းကော.."

"မင်းအစ်ကို ရှောင်ကျန်းလေ ဒီနေ့ အိမ်ပြန်မလာဖြစ်လောက်ဘူး၊အဲ့ဒါ မင်းစောင့်နေမှာစိုးလို့ ဖုန်းဆက်လိုက်တာ"

"ဟုတ်ကော..ဖုန်းဆက်ပြောပေးလို့ ကျေးဇူးပါ"

"မလိုပါဘူးကွာ..ရပါတယ်၊အာ့ဆို ဒါပဲနော် ရိပေါ်။"

Absolute boyfriend (Unicode)💚[complete]Where stories live. Discover now