လျှမ်းဆက်​က​တော့ မိခင်​၏ ပိုးထည်​လုပ်​ငန်းကို
နိုင်​ငံရပ်​ခြား လူမျိုးများနှင့်​ပေါင်းစည်းလုပ်​ကိုင်​ပြီး
နိုင်​ငံခြား​ဈေးကွက်​သို့တိုးချဲ့​နိုင်​အောင်​ကြိုးစား​နေသည်​။

ဒီ​ရေက​တော့ Rhyme အ​ဖေ၏ ဘဏ်​တွင်​မန်​နေဂျာအဖြစ်​တာဝန်​ထမ်း​ဆောင်​နေပြီဖြစ်​သည်​။
Rhyme က​တော့
TU 4th year တက်​နေသည်​။

လူပျိုကြီးဖြစ်​နေ​သော လျှမ်းဆက်​တစ်​ယောက်​မိမိ​ရှေ့မှ အချစ်​ငှက်​နှစ်​ကောင်​ကိုကြည့်​ကာ
အမှန်​တကယ်​ပင်​မျက်​စိ​နောက်​နေ​ချေပြီ။
မျက်​စိ​နောက်​ချင်​စရာပင်​....
Rhyme က ကိုကို ကိုကိုနှင့်​ပါးစပ်​ဖျားကမချ
ဒီ​ရေကလည်းနှုတ်​ခမ်း တစ်​လံ​လောက်​ထော်​ပြီး ဂျီကျ​နေ​လေသည်​။
လျှမ်းဆက်​တစ်​ယောက်​ဘယ်​လို​ပြော​ပြော နိုင်​မည်​မဟုတ်​သောအ​ခြေအ​နေ​ကြောင့်​သူတို့နှင့်​ဝေးရာကို​ထွက်​လာခဲ့လိုက်​သည်​။

"ညီ......."

ရုတ်​တရက်​ကြားလိုက်​ရသည့်​အသံ​ကြောင့်​ထူးထူးဆန်းဆန်းတုန်​လှုပ်​ခြင်းမရှိ​တော့ ။
တုန်​လှုပ်​နိုင်​စွမ်းမရှိ​တော့ဆိုလျှင်​ပိုမှန်​လိမ့်​မည်​။
လွန်​ခဲ့တဲ့ နှစ်​တွေက​ရော ခုထိ​ရော....
​နေ့တိုင်းလိုလို နားထဲမှာကြား​နေသည့်​အသံ.....
လျှမ်းဆက်​သက်​ပြင်းကိုသာတွင်​တွင်​ချရင်း......

"ခင်​ဗျားရော..အခုဘယ်တွေရောက်နေတာလဲ"

.............................

"လျှမ်း​လေး ဘာလုပ်​နေတာလဲ အဲ့​ရေကန်​စပ်​မှာ...."

​နောက်​မှလှမ်း​အော်​သောဒီ​ရေအသံ​ကြောင့်​လျှောက်​နေ​သော​ခြေလှမ်းတို့တုံ့ခနဲရပ်​သွားသည်​။

ငါအ​တွေးလွန်​နေပြီဘဲ ပြုတ်​ကျ​တော့မလို့ ....

"လာပြီ....."

"ဘာလုပ်​နေတာလဲ​ယောက်​ဖ"
Rhyme ဒီ​ရေ​ပြောပြထားလို့သိထားပြီးပြီဖြစ်​၍.......
ဤသို့​ခေါ်ခြင်းမျိုးကို လျှမ်းဆက်​လုံးဝမကြိုက်​...

"မင်း​ဘကြီး​ယောက်​ဖလား ငါမကြိုက်​ဘူးလို့​ပြောထားတယ်​နော်​အေး မင်းနဲ့ငါနဲ့​တွေ့ပြီ"

CAN I............(Completed!)Where stories live. Discover now