ပထမဆုံးတွေ့ဆုံခြင်း(Unicode)

1.9K 105 0
                                    

ဒီနေ့တော့ရှားရှားပါးပါး
အတန်းအစောကြီးပြီသည်မို့
နေသွေးခန့် internetတွင်နာမည်ကြီးနေသော
ဆိုင်လေးသို့သွားရန်ဆုံးဖြတ်လိုက်သည်။

SILENT CAFE

ထောင့်ကျသောနေရာကိုသာရွေး၍ထိုင်သည်။
ဒါသူ့ရဲ့များစွာသောဇီဇာကြောင်မှုများထဲမှတစ်ခုပင်ဖြစ်လေသည်။
ထိုင်ခုံတွင်ထိုင်ပြီးနောက်

woww so cool

''အကို ဘာသောက်မလဲခင်ဗျ''

နေသွေးခန့်ဆိုင်အပြင်အဆင်ကိုစိတ်ထဲမှ
အမှတ်ပေးနေစဉ် WAITERကောင်လေးတစ်ယောက်ကMENUလာပေးသည်။

''Espresso တစ်ခွက်ပေးပါ''

ထိုကောင်လေးထွက်သွားတော့
လွယ်အိတ်ထဲမှ
ဖုန်းကိုထုတ်လိုက်သည်။
ဆိုင်မှwifi pwကဒ်လေးက စားပွဲပေါ်တွင်အဆင်သင့်တင်ထားပေးသည်။
gamer တစ်ယောက်ဖြစ်သော နေသွေးခန့်အတွက်
နိဗ္ဗာန်ဆိုတာဒါမျိုးပဲ

နှောင့်ယှက်မဲ့သူလည်းမရှိ ။
ဆူဆူညံညံတွေလည်းမရှိ။
ဖုန်းခေါ်မည့်သူဆိုတာဝေးစွ။

game ဆော့နေစဉ်
ခုဏကထိကြားနေရသော
Sound boxမှ WESTLIFEရဲ့
You raise me up မဟုတ်တော့ဘဲ
stage ပေါ်မှာ guitarသံ......

stage ကိုပတ်၍စားပွဲများကိုစီစဉ်ထားခြင်းဖြစ်ရာ
နေသွေးခန့်ထိုင်နေသောနေရာသည်
stage ပုပုလေး၏ဘေးတွင်ရှိနေလေသည်။
Stageပေါ်မှguitarတီးနေသောကောင်လေးသည်
guitarသံတွင်စိတ်နှစ်ထားပုံရသည်။
မည်သူ့ကိုမျှကြည့်၍မနေပါ။

နေသွေးခန့် gameဆော့နေရာမှမော့ကြည့်သည်။
ဒီလိုမျိုးကမြန်မာကားထဲမှာဆိုကောင်မလေးတွေလုပ်
တာဖြစ်ပြီး
သိပ်ထူးဆန်းသည်တော့မဟုတ်။
နေသွေးခန့်ဆော့လက်စgameသာပြန်ဆော့နေလိုက်သည်။

''အချစ်အကြောင်းများမသိခဲ့ဘူး
ငယ်စဉ်ကအသက်အရွယ်မှာ...
ရူးလောက်တဲ့အချစ်မျိုးလည်း
ပိုတောင်မတွေးမိသေးပါ...''

နူးညံ့သည်။
ချိုသာသည်။
တည်ငြိမ်သည်။

ကြားလိုက်ရသောအသံကြောင့်
နေသွေးခန့်ခေါင်းတဖန်ထောင်လာပြန်သည်။
သည်တခါတော့ stageပေါ်မှကောင်လေးကို
သူသေချာကြည့်မိသည်။
guitarကြိုးသည်နူးညံ့လွန်းသည့်လက်ချောင်းလေးများကိုမညှာမတာထိခတ်နေသည်။
မှိတ်ထားသောမျက်ဝန်းအစုံတွင်
မျက်တောင်ရှည်ရှည်လေးများကကော့ဆင်းနေသည်။

CAN I............(Completed!)Où les histoires vivent. Découvrez maintenant