part 3(Unicode)

3.4K 179 0
                                    

အရင်ကစနေတနင်္ဂနွေသာ အိမ်နားကဆယ်တန်းကျောင်းသူလေး မေခ ကိုစာပြပေးရလေ့ရှိသည်။
ယနေ့တော့ဟိုဂျိုကောင်ကြောင့်မကြာသင့်တာကြာပြီး
အိမ်ပြန်ပါနောက်ကျနေပြီ....

''မားရေ သားပြန်ရောက်ပြီ''

''သားရယ် နောက်ကျလိုက်တာမား ခုဘဲphဆက်တော့မလို့ ''

မားကအပြေးကလေးလာကြိုသည်။
ပါးကတော့ဧည့်ခန်းထဲတွင်သတင်းစာဖတ်နေလေသည်။

''ဟုတ်တယ် သားဒီနေ့ကျောင်းသားအသစ်ကိုစပြီးစာကြည့်ပေးတယ်လေ မားမေ့နေတာလား
သားကသိတယ်ထင်လို့ ဖုန်းမဆက်လိုက်တာ''

''အော် မေ့နေတာ..​ကျောင်းသားအသစ်​လေးက​ရောအဆင်​ပြေရဲ့လားသား"

"ဟုတ်​..အဆင်​ပြေပါတယ်​မား.."

မားစိတ်​ပူမှာစိုး၍သာမုသားသုံးလိုက်​ရသည်​။အမှန်​တော့ပထမ​နေ့မှာတည်းကအဆင်​မ​ပြေ။

"ခုသားပင်ပန်းလာပြီလား ရေလေးချိုးလိုက်လေမားတို့သားကိုစောင့်နေတာ ဟင်းတွေ​နွှေးထားပေးမယ် ဒီနေ့သားကြိုက်တဲ့ငါးဟင်းချိုချက်ထားတယ်''

''သားမြန်မြန်လုပ်လိုက်မယ်မားတို့စားနှင့်နော်
ချဉ်စပ်ဟင်းချိုလေးလုပ်ပေးပါ''
အော်ရင်းမားကိုနမ်းကာအခန်းထဲဝင်သွားချေပြီ။
ဒေါ်သော်တာကတော့သားအလိုကျဟင်းကိုနွှေးကာပြုံးရင်းကျန်ခဲ့လေတော့သည်။
ဦးကျော်ကတော့အချစ်သည်းနေသောသားအမိကိုကြည့်ရင်းသဘောကျနေလေသည်။

ဒီရေ့ ပါးနဲ့မားသည်companyတစ်ခုထဲတွင်တူတူအလုပ်လုပ်ကြခြင်းဖြစ်သောကြောင့်
ဒီရေတို့မိသားစုလေးသည် companyမှပေးသောဝန်ထမ်းအိမ်ယာတွင်နေကြသည်။
ဝန်ထမ်းအိမ်ယာဆိုသည်မှာလဲပေ၂၀ပတ်လည်မျှသာရှိသည့်အခန်းကျဉ်းလေးဖြစ်သည်။
ဒီရေတို့အိမ်ကလေးသည်ကျဉ်းသော်လည်းစနစ်​တကျစီစဉ်တတ်သော
ဒီရေ့ပါးကြောင့်အခန်းလေးများနှင့်သေသေသပ်သပ်ရှိလှသည်
ငယ်​လေး(လပြည့်)နှင့်တစ်ခန်းထဲနေသောကြောင့်တစ်​ယောက်အိပ်ခုတင်နှစ်လုံးကိုနံရံတစ်​ဖက်တစ်​ချက်စီမှာကပ်ရင်းအလယ်မှာတော့လပြည့်အတွက်စာကြည့်စားပွဲလေး......
စာကြည့်စားပွဲရှေ့နံရံမှာတော့နံရံကပ်စာအုပ်စင်​တစ်ခု.........
ဒီရေကတော့စာကြည့်စားပွဲအဖြစ်ခုတင်ကိုဘဲသုံးလေ့ရှိပြီး
စာကြည့်ပြီးတာနဲ့တန်းအိပ်လို့ရသည်ဆိုပြီးတော့......
ဒီရေတို့အခန်းဘေးကပ်ရပ်တွင်ဘုရားခန်းရှိပြီးဧည့်ခန်းနှင့်မျက်နှာချင်းဆိုင်ဖြစ်သည်။
ဧည့်ခန်းပြီးလျှင်ဒီရေ့မိဘတွေအခန်းနှင့်နောက်ဖေးမီးဖိုခန်း.........
အိမ်သာကိုတော့ အိမ်ယာများ၏အနောက်ဖက်တွင်
တစ်အိမ်လျှင်အိမ်သာတစ်လုံးဖြင့်
ကိုယ်​ပိုင်​သော့များ​ပေး၍သုံးခွင့်ပေးထားသည်။

CAN I............(Completed!)Where stories live. Discover now