PART-15

1.4K 77 2
                                    

ကို​နေ​သွေးခန့်နှင့်အတော်ကြာထိုင်ပြီးမှ
နေသွေးခန့်အရင်ပြန်သွားသောကြောင့် လျှမ်းဆက်တစ်ယောက်ထဲသာကျန်တော့သည်။
၃နာရီထိုးပြီ...
ဒီအိပ်​ပုတ်​ဝက်​စုတ်​ကိုနှိုးမှဖြစ်​​တော့မည်​...မဟုတ်​ရင်
ဒီ​ရွှေပြည်​မှာတင်​ညအိပ်​​တော့မလားမသိ......

"ဒီ​ရေ...ဒီ​ရေ...."
လျှမ်းဆက်​ မြက်​ခင်းကိုသူ့အိပ်​ရာကဲ့သို့သ​ဘောထားကာ နှစ်​ခြိုက်​စွာအိပ်​​ပျော်​​နေ​သော ဒီ​ရေအား နှိုးလို့မရသည့်​အဆုံး...
ဒီ​ရေ၏နားရွက်​ကားကား​လေး​တွေကိုလိမ်​ဆွဲပစ်​လိုက်​သည်​...

"အာားးး!!"
ထိုအခါမှဒီ​ရေအသံပြဲကြီးနဲ့ထ​အော်​ကာ အိပ်​ချင်​မူးတူးနှင့်​ထလာ​တော့သည်​...
ထို့​နောက်​ အိပ်​မှုန်​စုံမွှားနှင့်​ သူ့နားရွက်​အားဆွဲလိမ်​​သောတရားခံကိုရှာလိုက်​​သောအခါ...
တွေ့ပါပြီ...လျှမ်းဆက်​ခ...
"လဒ...နှိုးတာ​ကောင်း​ကောင်းနှိုးပါလားဟ...ငါ့နားရွက်​လာလိမ်​ဆွဲရလား.."

"မင်းအိပ်​​နေတာဆင်​​အော်​တာ​တောင်​မနိုးဘူး​လေ...ည​နေ၃နာရီလည်းထိုး​တော့မယ်​...မင်းဒီမှာညအိပ်​မလို့လား..."

"ဘာာ!!...၃နာရီ? ဟုတ်​လား..."
ဒီ​ရေအလန့်​တကြားထ​အော်​မိသည်​...
ဒီ​နေ့Rhymeကိုစာသင်​ဖို့၃နာရီခွဲချိန်းထားသည်​​လေ....

"သွားမယ်​...မြန်​မြန်​...ပြန်​မယ်​ ပြန်​မယ်​..." ဒီ​ရေတစ်​​ယောက်
ပြန်​မယ်​ဟုတတွတ်​တွတ်​​ပြောကာ လွယ်​အိတ်​ကြီးလွယ်​ပြီး​ လိမ့်​ပတ်​လိမ့်​ပတ်​နှင့်​​ပြေးသွား​လေသည်​..
လျှမ်းဆက်​မှာ​တော့ ဒီ​ရေစားပြီးပစ်​ထား​သောမုန့်​ခွံများကို​ကောက်​သိမ်းကာ ဒီ​ရေ​နောက်​အမီ​ပြေးလိုက်​ရ​တော့သည်​.....
သူ့guideအိမ်​ကိုလိုက်​ပို့ပြီးရင်​ ကိုယ်​လည်းကိုယ့်​အချိန်​ပိုင်းအလုပ်​ဆီသွားရဦးမည်​​လေ....

•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•

ဒီ​ရေ ..Rhymeအိမ်​​ရောက်​​တော့ Rhymeကအိမ်​ပြန်​​ရောက်​​နေပြီ...
အောက်​ထပ်​မှာအန်​တီနန်းကို​တွေ့​တော့..အန်​တီနန်းက..
"​ဆရာ​လေး..​ရောက်​လာပြီလား..ဆရာ​လေးတပည့်​က​​စော​စောကပြန်​​ရောက်​ပြီး​ရေချိုး​နေတယ်​.."
"​အော်​..ဟုတ်​ကဲ့.."အန်​တီနန်းကိုတချက်​ပြုံးပြရင်းRhymeရှိရာအခန်းဆီတက်​လာခဲ့သည်​...

CAN I............(Completed!)Opowieści tętniące życiem. Odkryj je teraz