စိုးရိမ်မှု(Unicode)

Start from the beginning
                                    

''ဒါဘဲနော် ငါရေချိုးတော့မယ်''

''အေး ဒါဘဲ''

စိုင်း စကားသည်ရင်ထဲကိုလေးလံသွားစေသည်။
ဘယ်သူမှန်းမသိရတဲ့သူကို''သူ''ဖြစ်နေမလာဆိုပြီး
စိတ်ပူနေပြီး တချိန်ထဲမှာဘဲမဟုတ်ဘူးလို့ငြင်းနေမိပြန်တယ်။

စွာကျယ်လေး မင်းကောင်းကောင်းရှိနေမှာပါနော်​..

•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•

နေသွေးခန့် မနေ့ကရန်ပွဲအကြောင်းကြားမိပေမဲ့
ဘယ်သူဘယ်ဝါဆိုတာမသိရသေး...
တီချယ်ကြီးခေါ်တာ ဒီကိစ္စကြောင့်ဘဲဖြစ်နိုင်သည်။
​နေ​သွေးခန့်​ပါ​မောက္ခရုံးခန်း​ရှေ့​ရောက်​တော့ ၀င်​ခွင့်​တောင်းကာဝင်​လာခဲ့သည်​...
ပါ​မောက္ခ​ရှေ့တွင်​ခေါင်းငုံ့ကာတုပ်​တုပ်​မလှုပ်​ကျောက်​ရုပ်​ကဲ့သို့ရပ်​နေ​သောသူကိုကြည့်​လိုက်​တော့​နေ​သွေး မျက်​လုံးပြူးရသည်​...

*စွာကျယ်လေး...*

​နေ​သွေးအ​တွေးမမှန်​ခဲ့မှန်း အခု ပါ​မောက္ခရုံးခန်း​ရောက်​မှသိရ​တော့သည်​....

ပါ​မောက္ခမှ..
"ကဲ..Leaderကြီး..​ပြောပါဦး..ကို​ယ့်​အသင်းသားတစ်​ယောက်​လုံးသူများ​မေဂျာကလူနဲ့ရန်​ဖြစ်တယ်
leaderဆိုတာ အုပ်ချုပ်နိုင်ရမယ်လေ
မင်းဘယ်ရောက်နေခဲ့တာလဲ''

​နေ​သွေး​ခန့်ကြောင်​အ​နေ​သည်​..တကယ်​တော့ မ​နေ့က နည်းပြက​နောက်​တစ်​ပွဲအတွက်​၀တ်​ရမည့့်အားကစားအကျီင်္​တွေဌာနမှာသွားယူခိုင်း၍ ပွဲပြီးပြီးချင်း နား​တောင်​မနားရဘဲထွက်​လာခဲ့ရသည်​..
စွာကျယ်လေး အဲ့လောက်စွာလိမ့်မည် မထင်မိ။
ဟိုကောင်တွေညစ်တာအသိသာကြီးဆိုတာနေသွေးခန့်လည်းသိသည်။

"ကျ​နော် တောင်းပန်ပါတယ် တီချယ်ကြီး အဖြစ်မှန်တွေကိုသေချာမသိရသေးပါဘူး''
​အခုချိန်​မှာ တီချယ်​ကြီးဆူမှာကို​ကြောက်​ရတာထက်​မျက်​စိ​ရှေ့ကဒဏ်​ရာဒဏ်​ချက်​တွေနဲ့​သူကိုသာအာရုံစိုက်နေမိသည်။

တီချယ်​ကြီးမှ...
"မင်းအဲ့ကိစ္စကို​သေချာသိ​အောင်​လုပ်​ပြီး ငါ့ကိုပြန်​လာ​ပြော..ဘယ်​သူကစမှားလို့ဘယ်​ကစဖြစ်​တာလဲဆိုတာကို.."

CAN I............(Completed!)Where stories live. Discover now