"Aww..Omm..ငါသွားလိုက်မယ်လေ..ဒါနဲ့မင်းညနေတစ်ယောက်တည်းပြန်လို့ဖြစ်ရဲ့လား.."

"ရပါတယ်ကွာ..ငါလည်းငါ့Guideအိမ်သွားရဦးမယ်..သူတို့လည်းစာမေးပွဲနီးနေပြီလေ"

"Okok..မြန်မြန်စား..ပြီးရင် အတန်းတက်ရဦးမယ်.."

    ***********************************

ညနေအတန်းပြီးတော့ လျှမ်းဆက်လည်း ဒီရေ့အား နှုတ်ဆက်ကာ Guitarအိတ်လေးလွယ်ကာ Rehersalလေ့ကျင့်ရာအခန်းသို့ဦးတည်လျက်...

အခန်းထဲတွင်လူအတော်ပင်စုံနေလေသည်....
လျှမ်းဆက်ကိုမြင်သော နေသွေးက..

"ညီ..လာလေ..ခဏနေရင် ညီ့အလှည့်.."

"Aww. ဟုတ်."

လျှမ်းဆက်ပြန်ဖြေရင်း နေသွေး ထိုင်နေသည့်အနားတွင်သာ သွားထိုင်လိုက်တော့သည်..ခုံနေရာအလွတ်ကလည်း ထိုတစ်နေရာတည်းသာရှိလေသည်...

"Congratulationနော် ညီ..King Selectionထဲပါတယ်
ကြားတယ်.."
လျှမ်းဆက်ပြုံး၍သာခေါင်းညိမ့်ပြလိုက်သည်..ဘာမှတော့ပြန်မဖြေဖြစ်..

ခဏနေ လျှမ်းဆက်အလှည့်ရောက်လာတော့ လျှမ်းဆက်လည်းGuitarကိုင်ကာ ဆိုရမည့်နေရာဆီသို့သွားခဲ့သည်..
လျှမ်းဆက် အတွက် Guitarတီးသီချင်းဆိုသည်က ဝါသနာတစ်ခုဖြစ်သည့်အပြင် လူကြားထဲတွင်ဆိုရသည်မှာကျင့်သားရနေ၍ စိတ်လှုပ်ရှားခြင်းမရှိပေ..
လျှမ်းဆက် လေ့ကျင့်နေချိန် စင်အောက်တစ်နေရာမှ လျှမ်းဆက်အား
တစိမ့်စိမ့်ကြည့်နေသောလူတစ်ယောက်ရှိနေသည်ကိုတော့ လျှမ်းဆက်မမြင်ပါချေ...

🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤

ကိုယ်​သာ​နေကြာပန်းဆိုရင်​
မင်းက​နေမင်း ညီ...
​နေကြာပန်းဆိုတာ​နေမင်းကြီးရှိရာအရပ်​ကိုသာ
အမြဲမျက်​နှာမူတယ်​....
ကိုယ်​လည်း.........

🖤🖤🖤🖤🖤🖤🖤🖤🖤🖤

Fresher Welcome ကစ လို့နေပြီ
လျှမ်းဆက်တစ်ယောက်ကိုမနက်စောစောထဲက
အိပ်ယာထဲက
ဆွဲထုတ်လာတာကတော်ကာကြသွားသည်။
ဒင်းဘာသာဆို ညနေမှ
လောက်မှရောက်မည်။
အိပ်ယာထတာတစ်နာရီ
မျက်နှာသစ်ပြီး မှန်ကြည့်တာက တစ်နာရီ
ခေါင်းဖီးတာက တစ်နာရီ.......

CAN I............(Completed!)Where stories live. Discover now