part 12 (Unicode)

Start from the beginning
                                    

''ဒီရေ ဒီနေ့လဲ မင်းဘာသာဘဲစားနှင့်လိုက်တော့နော်
ရော့ ထမင်းချိုင့် ''

လူဆိုးမကြီးကအောင်နိုင်သူအပြုံးနှင့်
သူခံရမှာမသိဘဲရယ်နေ နောက်မှဒူးနဲ့မျက်ရည်တောင်မသုတ်နိုင်ဘဲရှိလိမ့်မယ်
ဒီရေ ရှင်းကိုကြည့်ကာ
သနားမိသည်ကလွဲပြီးဘာမှမဖြစ် တစ်ယောက်ထဲစားရတော့လဲ......
လျှမ်းဆက်ပေးသောထမင်းချိုင့်ကိုယူပြီး
''It's Okပါကွာ ငါပိုစားရတာပေါ့''

''မင်းကတော့လေ ငါပြန်လာရင်မုန့်ဝယ်လာမယ်နော်''
လျှမ်းဆက် ဒီရေဆံပင်တို့ကိုဖွလျက် ပြောသည်။

''တောက်...''
လူဆိုးမကြီး၏ရင်ဘတ်ထဲမှအသံ
မျက်လုံးတို့က ဒီရေအားဝါးမျိုတော့မတတ်ကြည့်ကာ
သူမအတန်းရှိရာပြန်ထွက်သွားသည်။
ဒီရေကိုမနာလိုဖြစ်နေတာမှန်း လျှမ်းဆက်ရောဒီရေပါ နားလည်သည်။
ဒီရေ့နေရာကို ဘယ်သူ့ကိုမှမပေးနိုင်...
အမြဲတမ်းအတွက်ဒီရေ ဆိုတာ ဒီရေဘဲ...

*****************
ဖြူ စင်ရှင်းသန့် Pov

ငယ်စဉ်ထဲက မြေကြီးပင်မနင်း
နေရောင်ပင်မခသောအသားအရည်က
ဖြူ နုလွန်းသည်။
ကြည့်ရုံဖြင့်သိနိုင်သည်က
သူမဟာမင်းသမီးတစ်ပါးကဲ့သို့စောင့်ရှောက်ခံလာရသူ
နူးညံ့သောလှုပ်ရှားဟန်နှင့်
ရဲတင်းသောအပြောအဆိုတို့သည်
သူဋ္ဌေးသမီးဆိုတာသေချာစေသည်။
နူးညံ့မှုသည် အထက်တန်းဆန်သည်။
ရဲတင်းမှုသည်လည်း အလိုလိုက်ခံထားရ၍သာဖြစ်သည်။
လိုချင်တာကိုရအောင်ယူတတ်ခြင်းသည်
ချစ်ခြင်းကိုမှားယွင်းစွာပုံသွင်းခဲ့သောမိဘတွေကြောင့်သာဖြစ်သည်။

ဖြူစင်ရှင်းသန့်၏အဖေသည် စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သည်။
စီးပွားရေးအကွက်ကျရာ ပဲခူးမြို့သို့ပြောင်းလာခဲ့ရာ
သူမပါ လိုက်ပါလာရသည်။
ပဲခူးတွင်အဆင်ပြေသော majorတစ်ခုကိုယူရင်းတဖက်မှ
ဝါသနာပါသော designဆွဲခြင်းကိုသင်ယူသည်။

အဝေးသင်တက်မည်ဟုဆုံးဖြတ်ထားသော်လည်း
ကျောင်းအပ်သည့်နေက မြင်လိုက်ရသောသူကြောင့်ဆုံးဖြတ်ချက်ကိုပြင်ခဲ့သည်
ဤသည်မှာ လျှမ်းဆက်ခပင်...
သူမ လျှမ်းဆက်ခကို မြင်မြင်ချင်းသဘောကျမိခဲ့သည်။
ထို့ကြောင့် မိန်းကလေးတန်မဲ့
Game ဆော့ရန်အကြောင်းပြကာ ချစ်သူဖြစ်ခွင့်တောင်းခံခဲ့သည်။
အစထဲကရှုံးနေတာသိသော်လည်းရှေ့ဆက်တိုးနေမိသည်။
တစ်လအတွင်းလျှမ်းဆက်ချစ်လာအောင်သူမလုပ်ယူမည်။လုပ်နိုင်မည်ဟုလည်းယုံကြည်နေပြီးသား...
ထို့ကြောင့်လည်း ဤဇာတ်ကိုသူမကိုယ်တိုင်ရေး၍သူမကိုယ်တိုင်ကဖြစ်ခဲ့သည်။

CAN I............(Completed!)Where stories live. Discover now