ထမင်းစားဝိုင်းတွင်ထိုင်နေသောဦးဇေယျာ လက်ထဲမှဖုန်းတွင်နံပါတ်အချို့ကို
နှိပ်ရင်း အပေါ်ထပ်Rhymeအခန်းသို့လာခဲ့သည်။
Rhyme ကိုခုတင်ပေါ်ကိုထမ်းတင်ပြီး
ဒေါ်နန်းသီကရေစိုအဝတ်များကိုလဲလှဲပေးသည်။

ခဏကြာတော့ Rhymeတို့ရဲ့Family Doctor​ရောက်လာကာ
စမ်းသပ်ပြီးဆေးထိုးပေးသွားသည်။
Rhymeကတော့နှုတ်ခမ်းတွေဖြူ စွတ်ကာမျက်နှာမှာလည်းဖြူဖပ်​ဖြူ​ရော်​နှင့်​သွေးမရှိ​တော့သလိုပင်​....
Rhymeကိုကိုယ်ဝန်ဆောင်စဉ်က Rhymeတစ်ယောက်တည်​မဟုတ်ခဲ့ပါ။
ဒေါ်နန်းသီသည်အမြွှာကိုယ်ဝန်လွယ်ခဲ့သည်။
သို့သော် Rhyme၏အမြွှာလေးသည် လူ့လောကသို့မရောက်ခင်ပင်
ဆုံးပါးသွားခဲ့၍ ဒေါ်နန်းသီမှာ မအိပ်နိုင်မစားနိုင်
တော်တော်လေးစိတ်ဆင်းရဲခဲ့ရသည်။
ထိုဒဏ်များသည်Rhymeကိုထိခိုက်စေခဲ့သည်။
Rhyme ၏ နှလုံးသည်
စိတ်ဆင်းရဲမှုဒဏ်ကိုခံနိုင်ရည်မရှိခဲ့ပါ ။
အထီးကျန်တတ်ကာ စိတ်အားလည်းငယ်တတ်သေးသည်။
မိခင်ဒေါ်နန်းသီက အစစအရာရာ စိတ်ချမ်းသာအောင်ထားခဲ့သည်။
ဤသည်ကိုအခွင့်ကောင်းယူကာ
Rhymeဆိုသည်မှာလည်း လူဆိုးလေးဖြစ်နေသည်။
သား၏ မျက်နှာပေါ်မှဆံစတို့ကိုသိမ်းရင်း
ဒေါ်နန်းသီမျက်ရည်တို့စီးကျလာသည်။

ဆရာဝန်ကဖိအားအရမ်းများပြီး
အအေးဒဏ်ကြောင့်
အားနည်းပြီးမေ့လဲသွားခြင်းဖြစ်ကြောင်း
ဆေးထိုးပေးခဲ့သည်မို့
အနားယူပြီးလျှင်နိုးလာမည်ဟုပြောကာပြန်သွားသည်။
သောက်ရန်ဆေးများလဲပေးထားခဲ့သည်။

''ဆေးသောက်ဖို့ကြောက်တဲ့ဒီကောင်လေးကိုဘယ်လိုလုပ်ရမလဲ အကိုရယ်...''
ဒေါ်နန်းသီမျက်ရည်စို့လျက် ခင်ပွန်းဖြစ်သူအားမော့ကာဆိုလေသည်။
ဦးဇေယျာကဒေါ်နန်းသီးပုခုံးကိုခပ်ဖွဖွညှစ်ရင်း

''သိပ်လည်းမစိုးရိမ်ပါနဲ့ကွာ
သားလေးသက်သာသွားမှာပါ
နေမကောင်းမဖြစ်အောင်စောင့်ရှောက်လာခဲ့တော့
သားလေးနေမကောင်းဖြစ်တာကိုထူးဆန်းပြီး
စိတ်ပူနေတာပါကွာ
ကိုယ်​တို့သားက ကြံ့ခိုင်တဲ့ကောင်ပါကွာ''

စိတ်ပူနေရှာသောဇနီးသည်ကိုနှစ်သိမ့်ပြီး
ထမင်းချော့ကျွေးရသည်။
ချစ်တတ်သောယောက်ျားတို့မည်သည်
ဘယ်လောက်ပဲအလုပ်တွေလုပ်ပြီးဘယ်လောက်ပဲပင်ပန်းနေပါစေ
အချိန်တွေကြာပြီးဘယ်လောက်ပဲအိုမင်းနေပါစေ
ချစ်ရသူအပေါ် အကောင်းမွန်ဆုံးအနွေးထွေးဆုံးမေတ္တာတွေပေးနိုင်သည်မဟုတ်လား။

CAN I............(Completed!)Where stories live. Discover now