ဒီရေတွေးရင်းပြုံးစိစိဖြစ်နေပြန်သည်။
သည်တခါတော့ လျှမ်းဆက်အကန်ခံလိုက်ရပါပြီ။
ခုံအောက်မှခြေထောက်ဖြင့်ကန်ရင်း
မျက်နှာရိပ်မျက်နှာကဲဖြင့်
ငြိမ်ငြိမ်နေဟူသည့်သဘော

အမယ် သူကဆရာမကိုဂရုစိုက်ရမှန်းတေသိလို့ပါလား။
စာကိုအာရုံစိုက်စမ်း ဒီရေ…
ကိုယ့်ကိုယ်ကိုသတိပေးကာ
စာတွေသေချာလိုက်မှတ်နေလေတော့သည်။
ထမင်းစားချိန်ရောက်တော့လည်း ကန်တင်းကိုရှေ့မှသုတ်သုတ်သုတ်သုတ်နှင့်သွားသည်

''အရှင်မင်းကြီးပွဲတော်တည်ဖို့ရန်ကျနော်မျိုးကြီးပြင်ဆင်လို့ပြီးပါပြီ''

လျှမ်းဆက် ထမင်းချိုင့်ကိုဖွင့်ရင်း
ဟင်းခွက်တွေနေရာချကာ
ဇွန်းကိုင်ကာအသင့်စောင့်နေသော
ဒီရေ့ကိုရွဲ့နေလေသည်။

''ဟီးဟီးးးး လျှမ်းလေးကလည်း''

လျှမ်းဆက်တစ်ယောက်ဆူပုတ်ပုတ်နှင့်

''ရော့ မျို''

ဒီရေကိုလည်းပြောကာ
ကိုယ်တိုင်လည်း ထမင်းချိုင့်ထဲကထမင်းတွေပါ
ပါးစပ်ထဲအများကြီးသွပ်ထည့်နေသည်။

ဒီရေ မိမိရှေ့မှမစားရမသောက်ရ
ကောင်လေးခုမှထမင်းစားနေသလိုအဆက်မပြတ်ထိုးထည့်နေသော လျှမ်းဆက်ကိုကြည့်ပြီး
တဟားဟားအော်ရယ်နေလေသည်။

''ဟားဟား လျှမ်းလေး မင်းကလေကုလားအုတ်ကြီးအစာစားနေသလိုဘဲ
ထမင်းစေ့ကပါးမှာကပ်နေသးတယ် ဟား......''

''​ငါမနက်ကဘာမှမစားလာရဘူး ဝက်ပုရဲ့
စားမှာသာစားစမ်းပါကွာ…''

လျှမ်းဆက်ကပ်နေသောထမင်းစေ့ကိုခွာကာမျက်စောင်းတွေထိုးရင်းပြောလာသည်။
ထမင်းတွေကပါးစပ်ထဲတွင်မကုန်သေးသောကြောင့်
စကားသံကလည်းမပီ...

ဒီရေအရယ်ပိုးမသတ်နိုင်သေး...
ပြုံးစိစိနှင့်

''အင်း''

''ဝရင်ထမင်းစားတော့ အတန်းနောက်ကျမယ်''

ဒီရေထမင်းမြန်မြန်စားပြီး အတန်းတက်ရန်
အခန်းထဲသို့သာပြန်လာခဲ့သည်။
အတန်းထဲတွင်လူစုံနေပြီ။
ဒီရေတို့ရောက်ပြီးခဏကြာတော့
Third yearမှ basketball တွင်ပါသော စီနီယာတွေကလေ့ကျင့်ရန်လာခေါ်သည်။
လျှမ်းဆက်တစ်ကောင်ခြေထောက်ထော့နဲ့ထော့နဲ့နှင့်ပါသွားသည်။
မနက်ထဲကစိတ်နှင့်လူနှင့်မကပ်သည်မို့လျှမ်းဆက်ကိုသတိမထားမိခဲ့... ညကျမှသက်သာလားဖုန်းဆက်ပေးရမည်။

CAN I............(Completed!)Where stories live. Discover now