part 6 (Unicode)

Zacznij od początku
                                    

''ဟုတ် ကိုကို''

ထို့နောက်လပြည့်လည်းဒီရေအိပ်ယာမှထကာ စာကြည့်စားပွဲတွင်ထိုင်နေလေပြီ။
ဒီရေလည်းအိပ်ယာထက်သို့ပြန်လှဲလိုက်ပြီး
Rhyme အကြောင်းစဉ်းစားနေမိသည်။

သူဘာလို့ဒီလောက်ဆိုးတာလဲ
သူ့ကိုကြည့်ရတာစာမတော်ဘဲခပ်တုံးတုံးသူတစ်ယောက်​မဟုတ်မှန်းသိသာတယ်
ဘာလို့လဲ......
ငါ့ရှေ့ကguideတိုင်း
ခံနိုင်ရည်မရှိဘူးဆိုတော့
ငါရော.........
မဖြစ်ဘူး ဒီရေ
မင်းခံနိုင်ရည်ရှိရမယ်။
သူကခပ်ဆိုးဆိုးဆယ်တန်းကျောင်းသားလေးတစ်
ယောက်ဘဲဟာကို ဘာကြောက်စရာလိုလို့လဲ
ဟူး.........ရှုပ်ပါတယ်ကွာ အိပ်မယ်
ဒင်းလေးငါ့အကြောင်းသိစေရမယ်......

ဒီရေအတွေးများကိုလက်စသတ်လိုက်ပြီး
အိပ်ပျော်ရန်သာကြိုးစားလိုက်သည်။

°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°^°
''တီချယ် ဝင်ခွင့်ပြုပါ''
စာသင်နေရင်းအသံကြားရာစီသို့
ဆရာမလှည့်ကြည့်ရင်း......

''ဝင်လာခဲ့ သားတို့''

အရပ်ရှည်ရှည်အကိုကြီး၃ယောက်အတန်းထဲသို့ဝင်လာသည်။
အကိုကြီးများဝင်လာတော့မိန်းကလေးများက
လှုပ်လှုပ်ရွရွဖြစ်လာသည်။
ထိုအကိုကြီးများထဲမှ လည်ကတုံးအင်္ကျီနက်ပြာနှင့်​ယောပုဆိုးအပြာကိုတွဲဖက်​၀တ်​ဆင်​ထား​သောအကိုကြီးက တီချယ့်​အားခွင့်​တောင်း​လေသည်​...

''တီချယ် သားတို့ကိုအချိန်ခဏလောက်ပေးပါနော်''

ဆရာမမှခေါင်းငြိမ့်ပြရင်းလက်ခံတော့......
ထိုအကိုကြီးကပင်

''အကိုတို့က Final ကညီ ညီမတို့ရဲ့စီနီယာကြီးတွေပါ
E-major basketball အသင်းမှာညီတို့ညီမတို့ကိုtrainပေးမဲ့သူတွေလည်းဟုတ်ပါတယ်
အရင်နှစ်တွေကတော့အကိုဝင်ကစားနိုင်ပေမဲ့အခုနှစ်တော့ အကိုခြေထောက်ဒဏ်ရာကြောင့်မကစားနိုင်တော့ဘူး။''

''ဟာ......''
မိန်းကလေးများ၏တညီတညာထဲထွက်လာသောအသံ......

ထိုအကိုကြီးကပြုံးကာ
''အဲ့အတွက်တောင်းပန်ပါတယ်
အခု ညီ/ညီမတို့စီလာတာက
basketball ကစားဖို့စိတ်ဝင်စားတဲ့သူရှိလားလာမေးတာပါ
တကယ်လို့ရှိခဲ့ရင်အကိုတို့ကိုစာရင်းပေးဖို့လာပြောတာပါ
အကိုတို့သေချာသင်ပေးမှာပါ
အကိုတို့အားလုံးကပြိုင်ပွဲအတွေ့အကြုံရှိပြီးသာပါ
ညီမတို့ရောစိတ်ဝင်စားရင် စာရင်းပေးလို့ရပါတယ်
ညီမတို့ကိုသင်ပေးမဲ့အစ်မတွေရှိပါတယ်
အဲ့ဒါဆိုရင်နေ့လည်ထမင်းစားလွှတ်ရင်အကို့သူငယ်ချင်း''

CAN I............(Completed!)Opowieści tętniące życiem. Odkryj je teraz