ဆရာမလှမ်းငေါက်တော့သည်။
ထိုအခါမှ ဒီရေနဲ့လျှမ်းဆက် ခေါင်းငုံ့ကာစာရေးတော့သည်။
လျှမ်းဆက်ကတော့ထုံးစံအတိုင်းဒီရေ့ဆီက
ကူးရေးနေလေသည်။

ိဖြေနေစဉ်ဆရာမမှRoll Callလက်မှတ်ထိုးရန်
ခုံနံပါတ်ခေါ်နေသည်။
၁အ-40 ကနေ 50အထိ
လျှမ်းဆက် စာကိုသဲကြီးမဲကြီးကူးနေ၍မကြားပေ။
ဒီရေက တံတောင်နှင့်တွတ်ပြီး

''၄၀ကနေ ၅၀တဲ့သွားမယ် လာထ''

ခုံနံပါတ်ကရှေ့ဆင့်နောက်ဆင့်ဖြစ်သည်မို့
ဒီရေပါ လက်မှတ်ထိုးရန်အတန်းရှေ့သို့ထွက်လာခဲ့သည်။

ပြီးတဲ့သူတွေစာအုပ်ထပ်လို့ရပြီ
ထိပ်ဆုံးကထပ်သူမှာလျှမ်းဆက်
ဒီရေကတော့ စာလုံးပေါင်းစစ်နေသေးသည်။

''ဟူး အောင်မြင်စွာကူး၍ပြီးဆုံး
ရိုက်လိုက်ပါဦး''
လျှမ်းဆက်လက်ကလေးထောင်လျက်
High Fiveလုပ်ရန်စောင့်နေလေသည်။

ဒီရေကလျှမ်းဆက်နဖူးကိုခပ်ပြင်းပြင်းတောက်လိုက်ပြီး
''စာ​တော့မကျက်လာဘဲနဲ့ ဘာရိုက်လိုက်ပါဦးလဲ''

''မင်းကလဲ စာမေးပွဲနီးမှကျက်မှာပေါ့ ခုကျက်ထားလဲမေ့မှာပဲကို''

ထိုအချိန်တွင်နောက်အချိန်​သင်​မယ့်​ဆရာမဝင်လာ၍ဒီရေဘာမှပြန်မပြောလိုက်ရ......

နေ့လည်ထမင်းစားလွှတ်ချိန်ရောက်သော်
ဒီရေကတော့ ထုံးစံအတိုင်းထမင်းချိုင့်မပါ
မားကိုအားနာ၍ကျောင်းကန်တင်းကဘဲမှာစားလေ့ရှိသည်။
လျှမ်းဆက်ကတော့ဒေါ်ကြီးပြင်ဆင်ပေးလိုက်သောထမင်းချိုင့်ကိုဆိုင်ကယ်Tool Boxထဲမှသွားယူကာ
နှစ်ယောက်တူတူကန်တင်းသွားကြသည်။

''ဒီရေ ဘာမှမှာမနေနဲ့ ငါ ဒေါ်ကြီးကို ထမင်းပိုထည့်ခိုင်းလာတယ် ဟင်းလည်းအများကြီးဘဲ''

''သူများဆိုင်မှာမမှာဘဲထိုင်ရမှာအားနာစရာကြီး မင်းကလဲ ''

''အစ်မ ကျနော်တို့ကို coke နှစ်ဘူးချပေးပါ''
ဒီရေပြောမှ လျှမ်းဆက်လည်းအားနာနာနှင့်
မှာလိုက်ရသည်။

ထမင်းဘူးထဲတွင်
ပုဇွန်ဟင်း ကန်စွန်းရွက်ကြော်နှင့်
ငါးပိရည်ဘူးပါပါသေးသည်။

CAN I............(Completed!)Where stories live. Discover now