''မင်းဘာလုပ်နေလဲ''

တစ်ဖက်မှဒီရေ့အသံသည်လေလှိုင်းကြားမှဖြတ်သန်းလာကာလျှမ်းဆက်နားထဲသို့ရောက်လာသည်။

''Omm.ငါနက်​ဖြန်​P1 tutoအတွက်​စာကြိုကြည့်​နေတာ''တဲ့​လေ
သူဆိုသည်​မှာလည်းစာကိုပဲအရုံစိုက်​လွန်းသူ...

ငါမွန်းကြပ်နေတယ်
ငါအထီးကျန်နေတယ်
ငါနွေးထွေးမှုလိုအပ်နေတယ်
ငါဗိုက်ဆာတယ်
ငါသတိရမိတဲ့သူကလည်းမင်းဖြစ်နေတယ်......
အကျယ်လောင်ဆုံးအော်ပစ်​ချင်တယ်
ငါဘယ်​လိုလုပ်​ရမလဲ ဒီ​ရေ ရာ..
စိတ်​ထဲမှသာအကြိမ်​ကြိမ်​ရေရွတ်​မိရင်း....

ဒီ​ရေ က​တော့​မေးရှာပါသည်​။ကျ​နော့်​ကို 'မင်း​ရောစာမကြည့်​ဘူးလား တဲ့'
ကျ​နော်​အခုအ​ခြေအ​နေမှာစာကြည့်​ချင်​စိတ်​လည်းမရှိပါ..
ကျ​နော့်​စိတ်​ထဲမှာအထီးကျန်​ပူ​လောင်​နေမှုတစ်​ခုတည်းသာ...
အပြင်​မှာ​တော့..
"​တော်​ပါပီကွာ..စာကြိုကြည့်​တာငါ့styleမဟုတ်​ဘူး.."ဟုဘာရယ်​မောလျက်​ရွှတ်​နောက်​နောက်​သာ​ဖြေလိုက်​ရသည်​။ကျ​နော်​နားလည်​ပါသည်​။ ဒီ​ရေ့မှာလည်းသူ့အလုပ်​တာဝန်​တွေ​ကြောင့်​ပင်​ပန်း​နေမည်​ဖြစ်​၍ကျ​နော့်​အပူ​တွေသူ့ကိုထပ်​မ​ပေးချင်​ပါ...သို့​သော်​အနှီဂျပုကအလိုက်​မသိစွာပင်​ကျ​နော့်​စကားကိုcopyကူး၍
"omm.ငါလည်းစာမကြိုးစားတဲ့သူ​တွေနဲ့စကား​ပြောခြင်းis not my style"ဟူ၍
​ကိုယ်​ကစိတ်​တွေမွန်းကြပ်​လွန်းလို့သူ့ဆီphဆက်​ပါတယ်​ဆို​နေ...
"ဟွန့်​..မင်းကလည်းကွာ..ငါတစ်​ယောက်​တည်းပျင်းလို့မင်းဆီphဆက်​တာကို..."ထိုစကားကိုလည်းဟိုဂျပုက..
"မင်းဘယ်​လို့ဖြစ်​နေတာလဲကွာ..​အော်​ဂလီဆန်​ချင်​စ၇ာကြီး..အသံကြီးကချွဲပျစ်​ပြီး​တော့"

​တွေ့လား..ဘုကလန့်​ပြောပြန်​ပြီ..သို့​သော်​လည်း လျှမ်းဆက်​ပြုံးမိလိုက်​ပါသည်​...နှစ်​နှစ်​ကာကာက်ိုပြုံးလိုက်​မိတာပါ...
ထို့​နောက်​ဒီ​ရေ ၏အလုပ်​ကိစ္စအ​ကြောင်းများ​မေး၍ရယ်​စရာများ​ပြော​သေးသည်​။

ဒီ​ရေ ဆိုသည်​မှာ တခြားသူများနှင့်​သာ​အေးတိ​အေးစက်​ဆက်​ဆံ​သော်​လည်း ကျ​နော်​နှင့်​ဆိုလျှင်​တော့အမြဲရယ်​စရာ​ပြောကာ စ​နောက်​နေတတ်​သည်​။တခါတ​လေ​လေးပါပဲ..သူ၏ဘုကလလန့်​အကျင့်​က​လေး​ပေါ်လာတတ်​သည်​။

CAN I............(Completed!)Where stories live. Discover now