Extra💞<sweet✌ >

Start from the beginning
                                    

💖💖💖

တီးတောင်🔔

~ရောက်လာကြသေးတယ်နော် ~

ကျန်းချန်စိတ်ပေါက်ပေါက်ဖြင့်ရွဲ့မေးလိုက်ခြင်း!
ဒီနေ့ကကျန်းချန်နဲ့ရှီးချန်တို့လက်ထပ်တာတစ်လပြည့်တဲ့နေ့^လူငယ်အချင်းချင်းပဲပျော်ရအောင်လို့ လေးယောက်ထဲပါတီလုပ်ဖို့စီစဉ်လိုက်ကြခြင်း!ချိန်းထားတာကကိုးနာရီ^
ရောက်လာတော့ဆယ့်နှစ်နာရီ!တစ်စိတ်^ဒီလင်လင်နှစ်ယောက်ကအချိန်ကိုအရမ်းတွေလေးစားနေသလားလို့!
တော်သေးတာပေါ့! သူတို့ကိုမစောင့်ဘဲကြို ဝယ်ထားလို့^
မဟုတ်ရင်နေ့လယ်စာနဲ့ညစာပေါင်းစားနေရလိမ့်မယ်!

လက်ထပ်ပီးသားအတွဲနှစ်တွဲထိုင်နေတဲ့ထမင်းဝိုင်းကဘယ်လိုဖြစ်နေမယ်လို့ထင်ကြလဲ???
တစ်လူကြီးထဲကြီးနေတဲ့ရှောင်းကျန့်ကလက်ညိုးလေးထိုးလိုက်^ပါးစပ်လေးဟလိုက်နဲ့!
တစ်ချာတိတ်ထဲချာတိတ်နေတဲ့ဝမ်ရီပေါ်ကလည်းသူပဲအာဟာရသိဒ္ဒိတွေပြည့်နေသလိုလို^တူ စကိုင်ကတည်းကအကုန်ရှောင်းကျန့်ပါးစပ်ထဲမှာ^သူ့ပါးစပ်ထဲလေရောဝင်ရဲ့လားတောင်မသိ^အာ^ဆောရီး^မှားသွားပီ!
အသက်ရှူ နေမှတော့လေဝင်မှာပေါ့!
နောက်နှစ်ယောက်လား^သူတို့ကတော့အသံတိတ်အကြင်နာတွေနဲ့^တစ်ယောက်လက်ကိုတစ်ယောက်ကိုင်ပီးထိုင်စားနေကြတယ်^မသိရင်သူတို့လက်တွေကိုပဲပူးပီးကြိုးချည်ထားသလိုလို!<ကျန်းချန်ကိုဘယ်သန်လို့မြင်ပေးကြကုန်>
တစ်ခါတစ်ခါဆိုအကြည့်ခြင်းဆုံပီးရယ်လိုက်ကြသေးတယ်^ရယ်စရာလည်းမရှိပဲနဲ့^
ငါဖန်တီးလိုက်တဲ့ချစ်သူလင်လင်တွေကအရမ်းပိုတာပဲ^ဘာလို့ငါ့ကျ single လဲ???
အာ^ဆောရီး^ငါကြော်ငြာမဝင်သင့်ဘူး!!!

💖💖💖

အခုကတော့အချိန်အားဖြင့်ဆိုရင်ညနေလေးနာရီကျော်နေပါပီခင်ဗျ ^.....
ရှောင်းကျန့်ရဲ့ချစ်လင်လင်ကြီးဝမ်ရီပေါ်ဟာဆိုရင်ဖြင့့်မီးဖိုချောင်ထဲမှာညစာအတွက်အစွမ်းကုန်လက်စွမ်းပြနေပါတယ်!
ကျန်းချန်ရဲ့ချစ်လင်လင်ကြီးရှီးချန်ကလည်းဝမ်ရီပေါ့်ကိုအနိုင်မခံ၊အရှုံးမပေးတဲ့စိတ်ဓာတ်နဲ့အရောင်အဆင်းမရှိတဲ့ဟင်းတွေကိုအားရပါးရချက်ပြုတ်နေပါတယ်!
ကျန်းချန်ကတော့သူ့ကောကောကြီးအားတက်အောင်ဘေးကနေကူပီးဟင်းချက်တဲ့နည်းလမ်းတွေကိုပြောပြနေပါတယ်^ ဟင်းချက်စာအုပ်ကြီးကိုင်ပီးတော့ပါ!
ရှောင်းကျန့်ကတော့လက်မလေးတစ်ထောင်ထောင်နဲ့သူ့လူကြီးချက်တဲ့ဟင်းမှန်သမျှကိုပါးစပ်ထဲထိုးထည့်နေပါတော့တယ်^.....
ဒီလိုနဲ့ပဲညရှစ်နာရီကျော်တဲ့အခါမှာတော့သူတို့လေးယောက်ရဲ့ညစာကိုဆိုင်ကနေပဲမှာစားလိုက်ရပါတော့တယ်!
ဝမ်ရီပေါ်ချက်တဲ့ဟင်းတွေကတော့ရှောင်းကျန့်ဗိုက်ထဲမှာရောက်သွားပီး^ရှီးချန်ကောချက်တဲ့ဟင်းတွေကတော့^အင်း^လေးထောင့်ပုံးကြီးထဲကိုရောက်သွားခဲ့ပါတယ်!
< လေးထောင့်ပုံးကြီး is equal to အမှိုက်ပုံးကြီး 😂>

💖💖💖

ဒီလိုနဲ့ပဲညဆယ့်နှစ်ကျော်တဲ့အချိန်မှာတော့ရှောင်းကျန့်တို့အိမ်ကိုပြန်လာခဲ့ပါတော့တယ်!

~လူကြီး လူကြီး  ~

~အင်း ~

ရှောင်းကျန့်အရက်မူး၍ခေါ်နေမှန်းသိသော်လည်းတမင်ထူးလိုက်ခြင်းဖြစ်သည်^

~ကျွန်တော်တို့နေရာပြောင်းမယ်လေ ~

ကုတင်ပေါ်မှထကာအကျီလဲနေသည့်သူ့ဘေးအားရုတ်တရပ်ရောက်လာသောချာတိတ်!မြန်လိုက်တာ!အနီရောင်ဘက်ကိုပိုပိုသာသာရောက်နေသည့်မျက်နှာအရောင်အရချာတိတ်တော်တော်မူးနေမှန်းသူရိပ်မိလိုက်သည်!

~ချာတိတ် ဘာလုပ် အု ~

ရုတ်တရပ်သူ့အားကုတင်ပေါ်တွန်းကာအပေါ်ကလာ၍နမ်းနေတဲ့ချာတိတ်!မနမ်းတတ်နမ်းတတ်ဖြင့်နမ်းနေ၍ကလေးများချို လိမ်စားသလိုတပြွတ်ပြွတ်နှင့်ဖြစ်နေသည်!
နှုတ်ခမ်းကိုထိလိုက်ခွာလိုက်လုပ်ကာအကြိမ်များစွာမွနေသည့်ချာတိတ်ကြောင့်လူကရင်ဘတ်များပူလာရသည်!
မနေနိုင်တော့တဲ့အဆုံးသူ့နှုတ်ခမ်းလေးအားဆွဲနမ်းပီးတစ်ချက်ကိုက်လိုက်တော့သည်!ဒီတိုင်းသာဆိုလူကရင်ဘတ်တွေပေါက်ထွက်သွားနိုင်သည် မဟုတ်ပါလား!!!

~အ လူကြီးစုတ် အားတိုင်းကိုက်နေတယ် ~

သူ့ရင်ဘတ်ပေါ်မျက်နှာအပ်ကာပြောနေသည့်ကောင်လေးမှာမျက်စိများပင်မပွင့်တော့!တော်သေးတာပေါ့ ^
ဒီလောက်နဲ့ရပ်သွားလို့^အရင်တစ်ခါကလိုသာဆိုမနက်ဖြန်သူကုမ္ပဏီသွားနိုင်မှာမဟုတ်ဘူး!!!
ဝေ့^..... လျှောက်မတွေးနဲ့နော်!
အရင်တစ်ခါကမအိပ်ခင်အန်ချလိုက်တော့ကိုယ်ကညကြီးဆယ့်နှစ်ကျော်မှရေထချိုးလိုက်ရတာ^
အဲ့တာကြောင့် နောက်နေ့အအေးမိပီးအလုပ်မသွားနိုင်တော့တာ!သေချာရှင်းပြထားတယ်နော်^မင်းတို့အတွေးတွေကိုရပ်လိုက်လို့ရပီ^......
ရင်ဘတ်ပေါ်မှချစ်လှစွာသောယုန်ဖြူ လေးနဖူးအားတစ်ချက်နမ်းကာရင်ခွင်ထဲသို့ထည့်လိုက်သည်^ထို့နောက်အိပ်စက်ခြင်းစီသို့^.....
သေချာပါတယ်^ဒီနေ့ညလည်းဝမ်ရီပေါ်အိမ်မက်တွေချို မြိန်နေမယ်ဆိုတာ!!!
တစ်စိတ်^ချာတိတ်နဲ့အတူရှိတဲ့ညတိုင်းငါ့အိမ်မက်တွေကချို ပီးသား^.....
< ငါမှားတာပါ 😯😑 >

Note💙

ရေးပီးပီးချင်းတင်လိုက်တာနော်😊
ဒီအပိုင်းကိုကိုယ့်ဘာသာရေးပီးအသည်းတွေယားနေမိ😆
ကြိုက်ကြရဲ့လားမသိဘူး😃
ရှည်ပါတယ် ပီးတော့ အဆွိတစ်လိုင်းနော်😉
အားပေးခဲ့ကြပါဦး😊

Love you all😘😘😘

<20-8-19>

My sonny🐰&lt;completed&gt;Where stories live. Discover now