Extra-2💞<JC♥ LSC>

Start from the beginning
                                    

💞❤❤❤

လန်ရှီးချန်ဒီနေ့အလုပ်ထဲစိတ်မဝင်စားဘူးဖြစ်နေတယ်!
ကျန်းချန်ဆိုတဲ့ကောင်လေးရုပ်ပဲသူ့မျက်စိထဲမှာပေါ်ပေါ်လာတယ်!စတွေ့တွေ့ချင်းကတည်းကသူ့ကိုသတိထားမိတာ!လုပ်ငန်းရှင်တစ်ဦ နဲ့သီးသန့်ဆွေးနွေးနေတဲ့အပေါ်ထပ်ဝိုင်းကနေငူငူကြီးထိုင်နေတဲ့ကောင်လေးကိုခဏခဏလှမ်းကြည့်မိတယ်!သူ့ဘေးကသူ့ငယ်ချင်းကောင်လေးကတော့အရက်ပုလင်းကြီးပိုက်ပီးပွစိပွစိနဲ့!
မူးနေတယ်ထင်ပါရဲ့!
ဆွေးနွေးလို့ပီးတော့ကားမပါလို့ဆိုပီးအတင်းပြန်လိုက်ပို့ခိုင်းနေတာ!မကောင်းတတ်လို့လိုက်ပို့ပေးလိုက်တော့သူ့သမီးနဲ့အတင်းတွေသဘောတူနေရော!
စိတ်တော့မကောင်းပါဘူး!တစ်ခါတည်းအပြတ်ညင်းခဲ့ပီးဘားကိုပြန်လာခဲ့တယ်!တစ်နာရီကျော်လောက်ကြာသွားပေမယ့်ဟိုကောင်လေးရှိနေဦ မလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့ပေါ့!ဒါပေမဲ့သူတို့ထိုင်နေတဲ့ဘားတန်းမှာလူမရှိတော့ဘူး!
စိတ်ညစ်ညစ်နဲ့သန့်စင်ခန်းထဲဝင်လိုက်တော့ကံအရမ်းကောင်းသွားတယ်!
စောနကကောင်လေးလဲကျမလိုဖြစ်တာကိုလှမ်းထိန်းပေးလိုက်နိုင်တယ်လေ!
သူမျက်လုံးမှိတ်ထားတာကိုအခွင့်ကောင်းယူပီးသူ့မျက်နှာအစိတ်အပိုင်းတွေကိုသေချာကြည့်နေမိတယ်!
ဒုတ်*ဒုတ်*ဒုတ်*
စည်းချက်ညီစွာထွက်ပေါ်လာတဲ့ရင်ခုန်သံတွေ!
အရမ်းချောလွန်း^လှလွန်း^တဲ့ကောင်မလေးတွေ တွေ့တုန်းကတောင်နည်းနည်းလေးမှမလှုပ်တဲ့သူ့နှလုံးသား!
ဒီကောင်လေးနဲ့တွေ့မှစည်းချက်ညီစွာကခုန်နေခဲ့တာ!
သေချာပါတယ်!
သူချစ်မိသွားခဲ့ပီ^.....
ရင်ခုန်သံတွေကိုမနည်းထိန်းပီးသူ့ကိုယ်လေးကိုပြန်မတ်ပေးလိုက်တယ်!ဖွင့်လာတဲ့မျက်ဝန်းလေးတွေ!
လှလိုက်တာ^အရောင်လေးတွေတောက်လို့!
ဆက်နေရင်ရင်ဘတ်တွေပေါက်ထွက်တော့မှာမို့နောက်တစ်ခါဂရုစိုက်ဖို့သတိပေးခဲ့ပီးထွက်လာခဲ့လိုက်တယ်!
*ပြူ းကြောင်ကြောင်နဲ့ကြည့်နေတဲ့မျက်ဝန်းလေးတွေကိုချစ်လိုက်တာ*

နောက်နေ့ရောက်တော့မှသိခဲ့ရတာကအဲ့ကောင်လေးကညီ့ချာတိတ်လေးရဲ့သူငယ်ချင်းဆိုပဲ!
အဲ့တာနဲ့ပဲသူတို့ကိုပါတီလုပ်ခိုင်းပီးဖိတ်ခိုင်းလိုက်တယ်!
မဆိုးပါဘူး!ကူညီကြပါတယ်!
တံခါးေ့ရှမှာတွေ့တုန်းကလည်းအရမ်းအံ့သြနေတဲ့ပုံ!
ကိုယ်Ceoမှန်းသိတုန်းကဖြစ်သွားတဲ့ပုံလေးဆိုရင်အသည်းယားစရာလေး^အရမ်းကိုမယုံနိုင်ဖြစ်နေတာ!
အစားအစာတွေစားတော့လည်းသူ့ကိုခိုးခိုးကြည့်ရသေးတယ်!ရီပေါ်လေးလမ်းစဉ်အတိုင်းတစ်ချိန်လုံးထိုင်ကြည့်နေလိုက်တယ်!မှန်ထဲကနေလေ^
ရီပေါ် တို့ထမင်းစားပွဲကဖန်အကြည်စားပွဲ^သူ့ရုပ်လေးများကြည်နေတာပဲ^တီဗီကြည့်နေရသလိုမျို းပဲ!
ရီပေါ်လည်းသူ့ချာတိတ်ကိုစားပွဲကနေပဲအမြဲငေးနေကြတဲ့!
တယ်တော်တဲ့ညီလေး!
အင်း^အကိုနဲ့တူလို့နေမှာ!
အိမ်ပြန်ချိန်ရောက်တော့လဲအကောင်းကြီးရှိနေတဲ့ကားကိုပျက်နေတယ်လို့လိမ်ပီးလိုက်ပို့ခိုင်းလိုက်တယ်!
အိမ်ထဲဝင်ခါနီးနှုတ်ဆက်စကားပြောလိုက်တော့သူ့မျက်နှာလေးပြုံးသွားသလိုပဲ!ကိုယ်စိတ်ထင်တာလား^တကယ်လား^
သေချာတော့မသိတော့ပါဘူး!အိမ်ထဲဝင်ပီးတာတောင်သူ့ကားလေးပျောက်သွားတဲ့အထိချောင်းကြည့်နေမိတယ်!
ဒီနေ့လည်းတစ်မနက်ခင်းလုံးခေါင်းထဲသူ့အကြောင်းချည်းပဲ!
ကျွန်တော်တော့အရူးရင့်နေပီထင်ပါရဲ့ဗျာ^.....

Note💙

အတွေးတွေများသွားသလိုပဲ!
အရှည်ကြီးရေးထားတော့ဒါဒါတွေစိတ်ဆိုးနေကြပီလားမသိ😆
ဝေဖန်ပေးခဲ့ပါဦ ။အပန်းမကြီးရင်😄

Love you all😘😘😘

<20-8-16>

My sonny🐰&lt;completed&gt;Where stories live. Discover now