plot 17

17.1K 1.1K 20
                                    

တနင်္ဂနွေ မနက်ခင်းတိုင်းကလှပတာလား။
ဘေးနားမှရှိနေတဲ့လူက ကလေးမလို့လားတော်
မသိဒီနေ့မနက်ခင်းကတော်တော် လေးလှပသည်။

နေကောင်းတာနဲ့တန်းအပြင်ထွက်မယ်တကဲကဲ
လုပ်နေသော ကလေးကို ပြုံးပြုံးလေးထိုင်ကြည့်နေမိသည်။ Lingက မနက်ဖြန်ဆိုယောက်ဖဆီ အဲ
yiboအစ်ကိုဆိုတော့ ထားလိုက်ပါတော့အနာဂတ်
ယောက်ဖလောင်းဆီ လိုက်သွားတော့မှာမလို့
ဒီနေ့ သုံးဦးသားအပြင်ထွက်ရန်ကြံစည်နေသည်။
သကောင့်သားလေးက မနက်ခင်းကတည်းကကို
ပြင်မပြီးတော့ ချောပြီးသားရုပ်ကိုအထပ်ထပ်ပြင်
ဆင်နေသည်။ ဘယ်လိုလိုပြင်ပြင်ကျွန်တော့်ကို
တော့မှီမှာ မဟုတ်ပေ။

"တော်ပါတော့yiboရာ မင်းပြင်လဲ ဒီရုပ်က ဒီရုပ်ပဲ
ငါ့ကိုမမှီဘူး....ဟုတ်ပြီလား? နောက်ကျနေပြီကွ
၉နာရီထိုးတော့မယ်"

ပြောလိုက်တော့မှ ဆူပုပ်ပုပ်မျက်နှာထားနဲ့
မျက်စောင်းလှမ်းထိုးသည်။ ထိုးတဲ့မျက်စောင်းကအစ
အပိုင်လိုချင်နေတာတော့ကျွန်တော် မပိုလွန်းဘူး
ထင်သည်။ ချစ်မိရင် တကယ်ပဲ ဘာဖြစ်ဖြစ်
အပိုင်လိုချင်ကြတာမဟုတ်လား။

ဘယ်သွားချင်လဲ မေးလိုက်တော့ကစားကွင်းနဲ့
စားသောက်ဆိုင် နာမည်တွေပဲစီတန်းထွက်လာတာ
မလို့သဘောတကျ ပြုံးမိသေးသည်။

"မရီး.......အစ်ကိုနဲ့phoneပြောဖြစ်သေးလား"

ကားရှေ့ခန်းကိုစွေ့ကနဲဝင်ထိုင်ကာအရင်က
ကြည့်မရဘူးလို့ခဏခဏပြောခဲ့သောling
ကိုမရီးဟူ၍ပါပိုင်ပိုင်နိုင်နိုင်ခေါ်နေပုံလေးက
ပိတ်ရိုက်ပစ်ချင်စရာ။

" ပြောဖြစ်တယ် .....yiboရဲ့သူလဲ တော်တော်စိတ်ပူ
သွားပုံရတယ်"

"ဘာပဲဖြစ်ဖြစ်ဗျာ...ဒီလောက်ချောတဲ့မရီးရှိနေတာကို ကျွန်တော့်ကိုအသိမပေးတာကတော့လွန်ပါ
တယ်ဗျာ။"

Oh my god! ဘယ်လိုတောင်ဖားနေတာလဲကလေးရာ။ချက်ချင်းကြီးကို!

"အဟင်း ...အဟွန်း"

ချောင်းဝင်ဟန့်တော့ဘာဖြစ်တာလဲဆိုတဲ့
သဘောနဲ့ ဒုတိယအကြိမ်မြောက်မျက်စောင်းကို
လှလှပပ ထပ်ထိုးသည်။

Sugar daddy(Complete)Where stories live. Discover now