plot 5( part 2)

18.9K 1.3K 42
                                    

လမ်းတစ်လျှောက်လုံးတည်တင်းနေတဲ့မျက်နှာက
တမင်လုပ်ထားခြင်းမဟုတ်ပေ။
ရင်ထဲကဖြစ်နေတဲ့ခံစားချက်အမှန်တွေ
ကလေးငယ်ဟာလဲ တစ်ခွန်းမှမတုန့်ပြန်ခဲ့။

၅ကြောင်းပင်မပြည့်တဲ့ စာကြောင်းတွေနဲ့ဓာတ်ပုံ
နှစ်ပုံဟာ သူ့ဘဝကိုပျက်သွားနိုင်လောက်အောင်
တုန်လှုပ်စေသည်ကို သူအချိန်လွန်မှသိခဲ့လေသည်။

ထိုကလေးကတော့မဟုတ်ဘူးအတွင်ငြင်းရှင်းပြမယ်
အထပ်ထပ်ပြောနေပေမဲ့ မကြားချင်ယောင်ဆောင်
နေတာ ဘယ်လိုပဲဖြစ်ဖြစ် အပြစ်ကိုတောင် ဖုံးဖိ
နိုင်လောက်အောင် ထိုကလေးကိုသူချစ်မိသွားလို့ပါ
ဆိုတာကို ထိုကောင်လေးကသိမယ်တဲ့လား။

"ဆင်းတော့"

တိတိရိရိ မိုးကြိုးသွားလိုပြတ်သားလှတဲ့စကားလုံး
တွေကိုရှောင်လွှဲဖို့ အမှန်တရားကိုရှင်းပြရန်ကြံရွယ်
ခဲ့သော်လည်း  တစ်ချက်တောင်စောင့်ငဲ့မကြည့်တဲ့
ချစ်ရသူကြောင့် ဘာလုပ်ရမှန်းမသိတော့ပေ။

အခန်းထဲရောက်တော့သူ တစ်ခါမှမမှားဖူးသော
စွပ်စွဲခံရခြင်းကိုဖြေရှင်းရန် Ph noတစ်ခုကိုသာ
နှိပ်လိုက်မိသည်။

"hello"

တစ်ဖက်က စူးစူးရှရှ ထွက်လာသော မိန်းမအသံကို
ပထမဆုံးအကြိမ် ရွံရှာမိသည်။ကြောက်ရွံ့မှုပါအပို
ဆောင်းလိုက်တော့ မိမိအသံဟာ အနည်းငယ်တုန်ရီ
သွားသယောင်။

"မင်း...ဘယ်သူလဲငါမသိဘူး မင်းဘာလို့ငါ့ကိုဒီလို
တွေလာနှောင့်ယှက်နေတာလဲ"

တစ်ဖက်ကထွက်လာတဲ့ပျစ်ချွဲချွဲအသံဟာ စိတ်အနှောင့်ယှက်ဖြစ်စေကြောင်းကိုတော့ ထုတ်မပြောတော့

" ဟာ..darlingကလဲ ကိုယ့်ချစ်သူကိုယ်တောင်မှတ်မိတော့တာလား honey လေ darling ရဲ့honey"

သူသက်ပြင်းကိုသာလှိမ့်ချလိုက်ပြီး
ဒေါသကိုထိန်းချုပ်လိုက်ရသည်။
သူသိမှဖြစ်မယ် ဒီလိုတွေဘာလို့လုပ်နေရတာလဲဆိုတာ။

"ဟုတ်ပြီ မင်း ငါ့ကိုသိတယ်ပဲထားပါတော့
ငါမှမင်းကိုမသိတာ ဘာကိစ္စ မဟုတ်တရုတ်
တွေလျှောက်ပို့ရတာလဲ!!!!!!"

Sugar daddy(Complete)Where stories live. Discover now