
Love you all😘
Han_Me
Starting Date_(29.9.2019)

>>>>>>>>>>>>>>>>>>>>

(Unicode)

နောက် ဇာတ်လမ်းအသစ်တစ်ပုဒ် ခေါင်းထဲကထွက်လာပြန်ပါပြီ....ဟန်မီဆိုသည်မှာ တစ်ခုမပြီးသေးခင် တစ်ခုစလိုက်ရမှပါပဲ😂

အရုဏ်ဦးရဲ့ချစ်ခြင်းအလင်းရောင်ပြီးရင် နွန်းရဲ့မွန်းပြန်စမယ်လို့ ပြောခဲ့ဖူးတယ်....ဒါပေမယ့် စိတ်ကဒီကိုအရင်ရောက်နေလို့ ခွင့်လွှတ်ပေးကြပါလို့ပဲ မျက်နှာပူပူနဲ့ပြောပါရစေ....

ဇာတ်လမ်းတိုင်းမှာ ဟန်ဒီလိုANတွေထည့်ရေးခဲ့ဖူးတယ်...ဒီလိုဇာတ်လမ်းမျိုးကို ဘာကြောင့်ဘာကြောင့် ရေးရတယ်ဆိုတာမျိုးတွေပေါ့.. .
အခုတော့ ရှည်ရှည်ဝေးဝေးတွေမပြောတော့ဘူး..
.ရေးချင်လို့ကိုရေးတာပါ....ခေါင်းထဲပေါ်လာလို့ ပြီးတော့ကိုယ်တအားရေးချင်နေလို့ introလေးတစ်ခု အရင်စဖြစ်တာပါ....တကယ်ရေးမှာကတော့ အရုဏ်ဦးပြီးတော့မှဖြစ်လို့ တစ်ခုမပြီးသေးဘဲ တစ်ခု ရေးတယ်ဆိုပြီး စိတ်မပူကြပါနဲ့နော်....

ဟန်လည်းနှစ်ခုကြားမှာ ဗျာမများနိုင်ဘူးရယ်....

ခေါင်းစဉ်နဲ့ပတ်သတ်ပြီး ပြောချင်ပါတယ်.....
အရင်ဇာတ်လမ်းတွေတုန်းက ဟန်ဇာတ်သိမ်းအထိ plotချပြီးမှ ဇာတ်လမ်းနဲ့ကိုက်ညီမယ့်ခေါင်းစဉ်ကို လိုက်ဖက်ညီအောင်ပေးခဲ့တာ.... အခုဒီဇာတ်လမ်းကို အဆုံးထိစဉ်းစားပြီးချိန်မှာ ဘယ်လိုအဓိပ္ပာယ် တစ်ခုခုထွက်တဲ့ ဇာတ်လမ်းနာမည်မှ စဉ်းစားလို့မရခဲ့ဘူး....ရခဲ့ရင်လည်း ဇာတ်လမ်းနဲ့မလိုက်ဖက်ဘူး...

ဒီထဲမှာ အဓိကဇာတ်ကောင်သုံးယောက်ပါတယ်....

ငွေရှိုင်း
အလင်းဝေနဲ့
မှိုင်းခေါင်ဝေဦးဆိုပြီး အမည်ပေးထားပါတယ်....

နောက်ဆုံးဘာနာမည်မှမရတဲ့အဆုံး....သူတို့ဆီကနာမည်တစ်လုံးစီယူပြီး ငွေမှိုင်းလင်းဝေ...လို့ပဲ ပေးဖြစ်ခဲ့တာ...
ဒီနာမည်လေးက ဘာအဓိပ္ပါယ်မှမထွက်ပေမယ့် လှပြီးတော့ ဟန်လည်းသဘောကျလို့ထားဖြစ်သွားတာပါ....ဇာတ်လမ်းကို ဘယ်လိုဘယ်ပုံဆိုပြီး မပြောချင်တော့ဘူး...

ဖတ်ရင်းနဲ့မှ ဘယ်လိုဆိုပြီးတော့ သိလာမှာမို့လို့
ANကိုဒီမှာတင်ရပ်လိုက်ပါမယ်နော်....

ငွေမှိုင်းလင်းဝေ.....ကိုလည်း ယခင့်ယခင်ကဇာတ်လမ်းတွေကို အားပေးခဲ့သလို အားပေးကြလိမ့်မယ်လို့ ဟန်မျှော်လင့်ပါတယ်....

ဒီfictionမှာပါတဲ့ ဇာတ်ကောင်နာမည်တွေနှင့် ဇာတ်လမ်းအကြောင်းအရာတွေသည် ဟန်ကိုယ်တိုင်
သေချာစဉ်းစားပြီး ရေးထားတာဖြစ်လို့ စာရေးသူတစ်ယောက်ယောက်နှင့် တူနေခဲ့သည်ရှိသော်
တိုက်ဆိုင်မှုသာဖြစ်ကြောင်း ပြောကြားပါရစေ....

Love you all😘
Han_Me
Starting Date_(29.9.2019)

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now