ပို၍ ပို၍_Special ep final

2.1K 110 14
                                    

"Papiiiiii "

"လာပါပြီဗျ လာပါပြီ"

"ဒါလား"

လက်ထဲက အပြေးသွားဝယ်ခဲ့တဲ့ ရေခဲမုန့်နှစ်ခုလုံးကို ယူလိုက်ကာ ဘယ်ဘက်က ရေခဲမုန့်ကို လျှာထိပ်လေးနဲ့တို့လိုက် ညာဘက်ရေခဲမုန့်ကို သွားလေးတွေနဲ့ ခြစ်လိုက်နဲ့ အလုပ်ရှုပ်နေလေသည်။

"ဘေဘီ ကောင်းလား"

"အွန်း"

"ဘေဘီ ကိုယ့်ကို နည်းနည်းကျွေးပါအုံး"

"ဟင့်အင်း"

Night outထွက်မယ်ပြောထားပေမဲ့ တစ်လကျော်တဲ့ထိ အလုပ်တွေမအားလပ်တာနဲ့ ခုမှ တူတူလည်ဖြစ်သည်။

ဒါတောင် ဂျီကောင်လေးလို အော်နေတာမို့ လိုက်ပို့ဖြစ်သွားရသည်။

ခုတော့ လိုက်ပို့ပေးသူကိုမှ ဒီရေခဲမုန့်လေးတောင် နည်းနည်းမမျှပေးချင်တဲ့ ဘေဘီစုတ် တွေ့မယ်။

"ဘုတ်!!!.....အွန်း Papiiiiiiiii"

ဘေးနားမှာ လှုပ်စိလှုပ်စိနဲ့ အလုပ်ရှုပ်နေတဲ့ ဘေဘီကို ခါးကနေ ဆွဲဖက်လိုက်ကာ နှုတ်ခမ်းဖူးလေးကို ဆွဲကိုက်လိုက်သည်၊ ထိကပ်ထားချိန် ကြာလာတော့ ရုန်းနေရင်းကငြိမ်ကျသွားကာ အလိုက်သင့် တုံ့ပြန်လာသည်မို့၊ နူးညံ့သည်၊ နွေးထွေးသည်၊ ချိုးမွှေးသည်၊ အင်းးးး Strawberry အရသာလေးလည်းရနေသေး။

ရင်ဘက်ကို ထုလာသည်မို့ မျက်နှာနှစ်ခု ခွာလိုက်တော့ ဘေဘီမှာ အသက်ကို အပြေးအလွှားရှူနေရတဲ့ ပန်းဝင်တာဝေးအပြေးသမားလို။

"လူဆိုးကြီး လူညစ်ကြီး ခုတော့ကောင်းသေးလား ရေခဲမုန့်လည်း Gun မစားလိုက်ရဘူး ကြည့်အုံး"

"အာ.....ဘေဘီကလည်း ကိုယ်က အစကတော့ ရေခဲမုန့်လေး ကပ်စားယုံပါ ဒါပေမဲ့ ဘေဘီက ချိုတယ်လေ"

"ဘာ!!!!Papiiiiii ဘေးဘက်ဝဲယာလေးလည်း ကြည့်ပါအုံး ဘာတွေ့လဲ"

ဗိုက်ခေါက်ကို ဆွဲလိမ်ကာ ဘေးဘီကို ကြည့်စေတော့မှ ခပ်တည်တည်လေး ထပ်ရယ်ပြကာ ဘေဘီကိုယ်လုံးလေးကို ရင်ခွင်ထဲ ဆွဲသွင်းပြီး ရင်ကွဲ ဝတ်ထားတဲ့ အပေါ်ထပ် Long coatကို ဘေဘီကိုပါရောခြုံလိုက်ပြီး သိမ်းဖက်ထားလိုက်သည်။

ပို၍...ပို၍(ပို၍...ပို၍)Where stories live. Discover now