ပို၍...ပို၍ (၄)

2.1K 123 2
                                    

Gun အတွက်ကတော့ အပတ်စဉ် မထူးဆန်းစွာ ပုံမှန် ဖြတ်သန်းနေလေသည်။

Papiii ခုတလော လုံးဝပေါ်မလာ ဇာတ်ကို series တစ်တွဲစာရိုက်နေတာ။

ပြည်ပခရီးကိစ္စ မို့ Ph ဆက်ပေမဲ့  အလုပ်ရှုပ်နေပုံရသည်။

ပုံမှန်လည်ပတ်နေမှုတွေထဲ တိုးပွားလာတာ လေးတွေလည်း ရှိနေသည်။

အခုဆို အိမ်ထဲမှာ ပျားပန်းခတ်လို့ ပြောရလောက်တဲ့ထိ အိမ်အကူ(၁၀)ယောက် ခြံစောင့်(၁)ယောက် ကားမောင်းသမား(၁)ယောက်
က ရောက်နေလေတာမို့ သွားချိန်လာချိန်မှန် ထမင်းစားချိန်မှန်ပီး သက်တောင့်သက်သာ ဖြစ်နေရလေသည်။

Papiiii ကကျွန်တော်ကို ဂရုစိုက်တာမို့ ကျွန်တော် ပျော်ရပါသည်။

စစတွေ့ပုံ ဆန်းပြားလွန်းလို့ သူ့ကိုနောက်တစ်ကြိမ် တွေ့ဖြစ်ခဲ့ရင် မသိချင်ယောင်ဆောင်မယ်လို့ တွေးထားသမျှ သဲထဲရေသွန်။

ဥရောပဘက်ကို သွားတာ အလုပ်ကိစ္စပေမို့ Gun လေးမလိုက်သွားတာပါ။

ခုတော့သတိရသလိုလို မဟုတ် သတိကိုရနေတာ။

သွားအတူ စားအတူ နဲ့ အဖော်အပေါင်းလည်း မရှိသော ကျွန်တော်က ဒီလူကြီးနဲ့ အဆင်ပြေသား။

"သခင်လေး ညနေစာ အဆင်သင့်ဖြစ်ပါပီ"

"အင်း"

လူကစိတ်မပါ တစ်ပါ ဖြစ်နေပီး phပြောချင်နေစိတ်က အစိုးမရ။

ဟိုနဲ့ဒီ အချိန်က မတူတာမို့ သည်းခံနေရသည်၊
မဟုတ်လို့ကတော့ ဆက်ပီးပြောပီး နေလောက်ပီ။

ညပဲစောင့်ရမှာပေါ့၊ ညအမြန်ရောက်ချင်နေလေပီ။

ပါလာတဲ့အလုပ်တွေလည်း အားလုံးပီးလေပီ။

ဒီတစ်ခါ လူကြီးပြန်လာရင် ကျွန်တော် ပြောထားတဲ့ ခရီးတိုလေး ထွက်ချင်နေပါသည်။

ခုလည်းပြန်လာဖို့ တစ်ပတ်အလိုကျမှ လူကအပြင်မထွက်လည်ရ မုန့်လည်းမစားရနဲ့ တွေ့သမျှ မြင်သမျှ ညစ်တွန်းတွန်းချင်နေသည်။

ည(၁၂)နာရီတိတိ။

အချိန်(၁၅)နာရီနီးပါး ကွာဟတဲ့ ပြင်သစ်နဲ့ ဒီကြောင့် ဟိုမှာခုဆို နောက်တစ်နေ့ နေ့လည်(၂:၀၀)ကျော်လောက်ရှိမယ်။

ပို၍...ပို၍(ပို၍...ပို၍)Where stories live. Discover now