My Lover is Eve 17

10.6K 409 29
                                    

       "ခဏနား ရေချိုးပီး အောက်ထပ်ဆင်းခဲ့ "

အာဆာမီဆိုသူက ရေချိုးခန်းမှ ခေါင်းသုတ်ရင်းထွက်လာကာပြောသည်။အောက်ပိုင်းကိုသာသဘတ်ပတ်ထားသောထိုလူရဲ့Body structureက အရမ်းမိုက်သည်။ထိုbodyမျိုးက သူ့အပြင်Kim Chanမှာလဲရှိသည်။ငေးနေရင်းမှ တဦးထဲသူငယ်ချင်းအားသတိရလာတော့ အဆင်ပြေပါ့မလားစိတ်ပူသည်။သူ့ကိုရက်အတော်ကြာမတွေ့တော့စိတ်ပူနေမလားး

"ကိုယ့်ကိုအဲ့လောက်မကြည့်နဲ့လေ ကိုယ်ခန့်တာကိုယ်သိပါတယ်"
ထိုလူ့ရွန့်နောက်နောက်စကားကိုကြားတော့ တွေးနေကြအတွေးကပလူပလူဖြစ်ကာ နှခေါင်းတချက်ရှုံ့ပြပီး ထိုသူရဲ့ဆန့်ကျင်ဘက်ကိုခေါင်းစောင်းကာနေလိုက်သည်။ ဟွန့် သူ့ကိုငေးနေတယ်ထင်နေတာလား အရှက်ကိုမရှိဖူး တွေးရဲတယ်

"ဟားးး တကယ့်ခလေးပါပဲကွာ ငယ်ရာ"
သူ့ရဲ့မြန်မာစကားဝဲတဲတဲနဲ့သဘောတကျရယ်ကာ ငယ့်အနားလျောက်လာသည်။အိ ခနဲကျသွားတဲ့မွေ့ရာကြောင့်သူတစ်ဖက်မှာဝင်ထိုင်လိုက်တာသိပေမဲ့ လှည့်မကြည့်ဖြစ် လှုပ်ရှားမလွယ်သည့် ခန္ဓာကိုယ်ကသူ့အလိုမလိုက်နိုင်။ခေါင်းကိုလာပွတ်သက်နေတဲ့လက်နွေးနွေးကြောင့် လူကရုတ်ချည်ဆိုသလို တွန့်ခနဲဖြစ်သွားသည်။
ဒီလူရူးနေသည်လား ညကတမျိုး မနက်ကျတမျိုးနဲ့ 

"မထနိုင်ဖူးလား ငယ် ဟင် "
ငယ်တော်တော်စိတ်ပေါက်လာသည်။ထနိုင်သလားမနိုင်လားသူခံကြည့်ပါလား တကယ်ထည်း သူ့limitသူမသိဖူးလား။စိတ်တိုလာတာနဲ့မျက်လုံးပါပိတ်ပစ်လိုက်ကာ ကြိတ်မှိတ်xနေလိုက်သည် ။ပြေလျော့သွားတဲ့မွေ့ရာကြောင့်ထိုလူထသွားပီမို့ ပြန်အိပ်မယ်ကြံတုန်းလေး လေထဲမြောက်တက်သွားတဲ့ကိုယ်သေးသေးလေးက လက်မောင်းကြီးနှစ်ဖက်ကြား အလန့်တကြားမော့ကြည့်တော့ ကျယ်ပြောတဲ့ရင်ဘတ်အပြင် မျက်နှာခန့်ချောကြီးပါတွဲမြင်လိုက်သည်။ထိုလူကငုတ်ကြည့်လာတော့ အယောင်ယောင်အမှားမှားအကြည့်လွှဲမိကာမှ သူ့ရင်ဘတ်ကြီးတည့်တည့်ပင်။ထိုလူဆီက သဘောတကျရယ်သံထွက်လာတော့ အဲ့ရင်ဘတ်ကြီးကို ကိုက်ပစ်ချင်စိတ်က တဖွားဖွားး

"ငယ်လိုချင်လဲပြောပေါ့ ကိုယ့်ရင်ဘတ်ကြီးက ငယ့်အပိုင်ပဲလေ "

My Lover Is EveWhere stories live. Discover now