My lover is Eve 14

10.4K 446 36
                                    

အလင်းငယ်​ အ​ဖ့အတွက်လိုအပ်တဲ့​ဆးဝါးများဝယ်ပြီး လက်​ကျန်​​ငွေ​လေးအား အိတ်ေ​ထာင်​ထဲထိုးထည့်​လိုက်​ကာ အိမ်​သို့ပြန်​လာခဲ့သည်​။

"မင်းကိုငါမ​ပြောခဲ့ဘူးလား ဟမ်​ အဲ့​လောင်းကစား​တွေဆက်​မလုပ်​ပါနဲ့လို့ ငါမတားခဲ့လို့လား မင်း အခု အခုဘယ်​လိုလုပ်​ကြမလဲ ​​ဟေ့​ကောင်​ "

အိမ်​ထဲဝင်​ဖို့ ဖိနပ်​ချွတ်​ရန်​ပြင်​စဉ်​ အ​ဖေ့ရဲ့မချိတင်​ကဲသံကိုကြားလိုက်​ရ​တော့ ဖိနပ်​ကိုဖြစ်​သလိုချွတ်​ထားကာ အခန်းထဲဝင်​လာ​တော့ အကို့​ကိုရိုက်​ထု​နေ​သောအ​ဖေ့အား​တွေ့လိုက်​သည်​။အကိုဘယ်​​လောက်​ဆိုးဆိုးအမြဲခွင့်​လွတ်​တဲ့အ​ဖေ သားဘယ်​လာက်​မိုက်​မိုက်​ ဆူရုံအပြင်​ ဘယ်​​တော့မှမရိုက်​တတ်​​သောအ​ဖေက အခု ရင်​တမမထုကာ အကို့​ဘေးတွင်​ထိုင်​ချပီး ငို​ကြွေး​နေသည်​။

"အ​ဖေကလည်း သားလည်းနိုင်​မယ်​ထင်​လို့လုပ်​တာပဲ​လေ မနိုင်​တာ​တော့မတက်​နိုင်​ဖူး "
အကိုကမခံ ပြန်​​ပြောသည်

"သွား မင်းထွက်​သွား​တော့ ငါ့သားမဟုတ်​​တော့ဖူးမင်းက ထွက်​သွား"

"ဟက်​ သွားမှာပါ အ​ဖေကဒီသားလိမ္မာ​လေးရှိ​တော့နှင်​ပီ​ပေါ့ ရတယ်​ ​တောက်​ "
အကိုက အ​ဖေ့ကို ​​ဒေါသတကြီးဖြင့်​ပြန်​ကြည့်​ကာ အလင်းငယ့်​ပခုံးအားတိုက်​ပီးထွက်​သွားသည်​။မူးကာလဲ​တော့မဲ့အ​ဖေ့​ကြောင့်​အလင်းငယ်​ အ​ဖေ့​ဘေးသို့​ပြေးသွားကာ အိပ်​ယာ​ပေါ်ထား​ပေးကာ ယပ်​ခပ်​​ပေး​နေလိုက်​သည်​။

"သားရယ်​ သားကိုပါဒုက္ခ​ပေး​နေမိပီကွယ်​ အ​ဖေလည်းဒီသားဆိုး​ကြောင့်​သက်​ဆိုးရှည်​မယ်​မထင်​ပါဖူး ,"

"အဲ့လိုမ​ပြောပါနဲ့အ​ဖေရယ်​ သား​ကူညီနိုင်​တာရှိရင်​ကူညီပါ့မယ်​"

အ​ဖေက​ခေါင်းခါကာငြင်းဆိုသည်​။အလင်းငယ်​သိသည်​ အ​ဖေ့မျက်​လုံး​တွေက အားနာစိတ်​​တွေသနားဟန်​​တွေပါ​နေသည်

,"​ပြောပါအ​ဖေ ဘယ်​​လောက်​ဆပ်​ရမှာလဲ "
"3millions သားရယ်​ "
အ​ဖေက​ပြောရင်းငိုပြန်​သည်​။ဘုရား ဘုရား 3millions ဘယ်​လိုရှာရမတုန်း သူ့မှာစုထားတာ ရှိ​ပေမဲ့ 3millions က​တော့ ဒီတစ်​သက်​​တောင်​​ကျေပါ့မလား အ​ဖေ့​ကို​ရောဂါမတိုး​စေလို​တော့ သူဟာသားအရင်းမဟုတ်​​ပေမဲ့  ဦး​လေး​ကျေးဇူး​တွေကသူ့ဆီမှာအများကြီးပင်

"အ​ဖေ အကို​ ​လောင်းကစားဝိုင်းက အ​ကြွေးတင်​ခဲ့တာလဲ "

"Moonlight clubတဲ့သား"

"အ​ကြွေးရှင်​က​ကော "
အ​ဖေကသက်​ပြင်းရဲ့ရဲ့ချလိုက်​ရင်း

"အာဆာမိ"
ငယ်​အ​ဖေ့အား​စောင်​ခြုံ​ပေးကာ အခန်းထဲမှထွက်​လာလိုက်​သည်
အာဆာမိဆိုသူနဲ့သူ ​တွေ့ကာ အ​ကြွေးအား​ခေတ္တ​စောင့်​စိုင်းခိုင်းရမည်

မနက်​ဖန်​အဆင်​​ပြေမှာပါ​လေ
မျက်​လုံးမှိတ်​ကာx​ပျော်​​အောင်​ကြိုးစား​ပေမဲ့မရ ပြတင်း​ပေါက်​ကိုဖွင့်​လိုက်​​တော့ လသာကာ လှ​နေဆဲ
ဒီညလည်းညတာရှည်​အုန်းမည်​​လေ

My Lover Is EveWhere stories live. Discover now