My lover is Eve part10

11.6K 584 20
                                    


" ဘာမှစိတ်မပူနဲ့ခလေး  ဟိုကိုရောက်ရင် လေဆိပ်မှာ ခလေးနာမည် ဘုတ်ပြားနဲ့  ဦးကြီးတစ်ယောက် စောင့်နေလိမ့်မယ် သူက ဦးဇော်အိမ်မှာ အလုပ်လုပ်သွားတဲ့လေလေးပဲ  ဦးဇော်အားလုံးစီစဉ်ပီးသွားပီး "

ငယ် ငြိမ်နေမိသည်။ဦးဇော်က ငယ့်ပခုံး၂ဖက်ကိုကိုင်ကာ ဘေးက ထိုင်ခုံးတွဲတွင်ထိုင်စေပီး သူပါငယ့်ဘေးတွင်ဝင်ထိုင်၏

" ငယ် ငယ် အဆင်ပြေမှာပါနော် ဦးဇော် သခင် ငယ့်ကို ပြန်မိသွားရင် ငယ် ---"
"ရှူး တော်ပီး မပြောနဲ့တော့ "
ဦးဇော်က ငယ့်နှုတ်ခမ်းထက် လက်ညိုးလေးအသာထိကာ တိတ်စေသည်။

" သွားတော့ငယ် ဟိုးးမှာတွေ့လား အဲ့gateကိုဖြတ်  ပြီးရင် ဒီpassport ကိုပေးလိုက် "

ငယ် ဦးဇော်ကို နှုတ်ဆက်ကာ ထိုအတိုင်းထွက်လာလိုက်သည်။ဦးဇော်ကို မှန်ဘောင်တစ်ဖက်မှ ထပ်မံနှုတ်ဆက် တာ့တာပြတော့ ဦးဇော်က ခေါင်းငြိမ့်ကာပြုံးပြလာသည်။ ထပ်မဆုံကြစို့  သခင်  ။

########################

အိမ်တော်ထဲတွင် အလုပ်သမားများတစ်ယောက်တစ်ပေါက်ဖြင့်အလုပ်ရှုပ်နေသည်။ ထိုအချိန်အလုပ်သမားတစ်ဦးက အားလုံးအားအော်ပြောလိုက်သည်

" ဟ မြန်မြန်တန်းစီ သခင်လေး ပြန်လာပီကွ လုပ်စရာရှိတာခဏထား
မြန်မြန်လာကြဟေ့ "

ကားလေး စင်ဝင်အောက်ဆိုက်သည်နှင့် အကုန်ခေါင်းငုံ့ကာ ရပ်နေကြသည်။ ဓနဂုဏ် ထိုလူအုပ်ကြား ဖြတ်ကာ အပေါ်ထပ် ခလေးရှိတာအခန်းသို့ ဒုန်းစိုင်းပြေးတက်ခဲ့သည်။အခန်းတံခါးဖွင့်လိုက်တော့ ရှင်းလင်းနေသောအခန်းက ရင်ဝကိုပြေးကန်လိုက်သလိုပင်။သူမယုံနိုင်သေးပါ အခန်းထောင့်ရှိ ဘီဒိုသေးသေးထဲ သူဖွင့်ကြည့်မိသည်။ ငယ် ညအိပ့်ဝတ်နေကြ ဝတ်စုံခပ်နွမ်းနွမ်းကလွဲ  ကျန်တာနတ္ထိပင်။

ဟာာ ဓနဂုဏ် သက်ပြင်းအကြီးကြီးချမိကာ ငယ့်ကုတင်ဘေးထိုင်ချလိုက်ကာ ခေါင်းကိုကုတင်ပေါ်လန်ချလိုက်သည်။မြင်နေရတဲ့ မျက်နှာကျက် အဖြူကို အသက်မဲ့သလိုငေးနေမိသည်။

" သခင် "

အနားကိုရောက်လာတဲ့  အတွင်းရေးမှူးလည်းမျက်နှာမကောင်းပါ ။သူအိပ်နေရင်းပင် လှည့်မကြည့်ပဲမေးလိုက်သည်

My Lover Is EveWhere stories live. Discover now