17..

2.7K 445 13
                                    

ည ၁၀ နာရီ ​လေးဆယ့်​ငါး...

ဒီ​နောက်​ပိုင်း ​ကျောင်းမှာအားကစားဆရာ လုပ်​​နေရာက​နေ..
အထက်​တန်းပထမနှစ်​ မှာသင်္ချာဆရာလို​နေတယ်​ ဆိုတာနဲ့ ၀င်​လုပ်​လိုက်​​တော့..
အလုပ်​​တွေအရင်​ထက်​နှစ်​ဆတိုးလာသည်​...။

အရင်​ကဒီလိုညပိုင်း​တွေဆို game ပွဲ​တွေမှာအချိန်​ဖြုန်းခဲ့​ပေမယ့်​ အခု​တော့​ကျောင်းသူ​ကျောင်းသား​တွေရဲ့
တွက်​ချင်​ရာတွက်​​ပြီးစာအုပ်​ထပ်​ထားကြတဲ့သင်္ချာစာအုပ်​​တွေကြား အမှတ်​ခြစ်​ခြင်းဖြင့်​ အချိန်​ကုန်​​နေရသည်​..။

တစ်​ချို့ဆိုဘာ​တွေတွက်​ထားလို့တွက်​ထားမှန်းမသိ..
စိတ်​လဲညစ်​ရသလို ရယ်​လဲ ရယ်​ရသည်​..။

ဘာပဲဖြစ်​ဖြစ်​ အိမ်​ကအ​ဖေသ​ဘောကျ တည်​တည်​ရရ
ကျောင်းဆရာအလုပ်​​လေးလုပ်​​နေ​တော့..
သားလိမ္မာ​လေးဖြစ်​​နေပြီဆိုပြီး ဒီ​နောက်​ပိုင်းအဆူအ​ပြောက
လွတ်​ပြီး နားငြီးသက်​သာ​နေတာက အမြတ်​က​လေး​ပေါ့..။

အဲ့တာထက်​ အခုညကိုးနာရီ​လေးဆယ့်​ငါးဆို​တော့ကာ..။

အင်း ..​နောက်​ထပ်​ငါးမိနစ်​​လောက်​ဆိုရင်​ ၀င်​​ကောင်းဝင်​လာ​တော့မယ့်​ အမှန်​က ၀င်​ကိုဝင်​လာမယ့်​...

ဟိုဘက်​အခန်းက ​ကောင်​​လေး..
အတိအကျ​ပြောရရင်​ ပတ်​ချန်း​ယောလ်​ အမည်​ရတဲ့ ကျွန်​​တော့်​ရည်းစား​ကောင်​က​လေး..။

ဘာလုပ်​တာလဲ​တော့မသိ..အ​ဖြေ​ပေးပြီး​နောက်​​နေ့ကတည်းကစပြီး ညကိုးနာရီမိနစ်​ငါးဆယ်​ဆိုရင်​..
သွားအဖြီးသားနဲ့
ကျွန်​​တော့်​ အခန်းထဲ ​ရောက်​​ရောက်​ချလာတာပဲ...။

ခေါင်းအုံး
က​တော့ ဒီမှာ အမြဲတမ်းအိပ်​မှာဆို​တော့ပြန်​ယူမသွား​တော့ပါဘူးဆိုပြီး သူ့​ခေါင်းအုံးကြီးကျွန်​​တော့်​အခန်းထဲ လာထားထားတာ ကြာ​ရော​ပေါ့...။

ဘာလုပ်​မှန်းလဲမသိ..သူများကုတင်​ကျပ်​ကျပ်​ရပ်​ရပ်​မှာ..
သူ့အရပ်​ကြီးကလန်​ကလားနဲ့..အတင်းပူးကပ်​ပြီး လာလာအိပ်​​နေတာ...
သူ့သူငယ်​ချင်း ဂျုံဒဲနဲ့ဂျုံအင်​နှစ်​​ယောက်​ထဲက ဘယ်​သူ​မြှောက်​​ပေးလိုက်​လဲမသိပါဘူး..။

SunflowerWhere stories live. Discover now