12..

3.1K 517 39
                                    

"ချန်း​​ယောလ်​..!"

ကျောင်းဂိတ်​​ပေါက်​၀​ရှေ့မှာ...သူ့ဇိမ်​ခံကားကြီးကို ​ကျောမှီရင်းစတိုင်​ကျကျ​ရပ်​​နေတဲ့​ကောင်​​လေးကို​တွေ့လိုက်​ရ​တော့
ကျွန်​​တော့်​မျက်​ခုံး​တွေ မြင့်​တက်​သွားခဲ့သည်​..။

ဒီရက်​ပိုင်းအတွင်း ​ကျောင်းဆင်းချိန်​ဆို..ဒီလိုအ​နေအထားနဲ့​တွေ့​တွေ့​နေရတာ ကြာလာ​တော့ မအံ့သြပဲ​နေမလား..။

တစ်​​နေ့တစ်​​နေ့မရိုးနိုင်​တဲ့အ​ကြောင်းပြချက်​​တွေနဲ့..
သူများ​ကျောင်း​ရှေ့​ရောက်​​ရောက်​​နေတတ်​တာက..
လူကို ​ရောဂါတိုး​စေတယ်​ဆိုတာ သူမသိ​လေ​ရော့သလား..။

"ဆိုစမ်းပါဦး..ဒီ​နေ့လဲ ညီ​မ​လေးဆီထပ်​လာတာလား..?"

"အင်း​လေ...သူမကြိုက်​တဲ့​ကောင်​​လေးတစ်​​ယောက်​သူ့နားပဲကပ်​​နေတယ်​ဆိုလို့​လေ..
အစ်​ကိုကြီးအဖရာဆို​တော့ နည်းနည်း လာကြည့်​တာ.."

"​အော်​..ဟုတ်​ပါပြီ..အဲ့တာနဲ့လမ်းကြုံရင်း hyungကို
စောင့်​​နေတယ်​ဆိုပါ​တော့.."

ဒီတပတ်​ထဲ မှာတင်​..သူ့အ​မေပို့ခိုင်းလို့ သူ့ညီမဆီ ဟင်းလာပို့တယ်​ဆိုပြီး မ​နေ့တ​နေ့က​လေးတင်​မှ..
ရောက်​လာခဲ့တဲ့လူက...
ဒီ​နေ့လဲ ​နောက်​reason တစ်​ခူနဲ့ ​ရောက်​​နေတာက...

လူကို ကလိကလိနဲ့အသည်းယား​စေသည်​...။

နှုတ်​ခမ်းပါး​တွေ အ​ပေါ်ဘက်​​လှလှ​လေး​ကော့တက်​​စေတဲ့အထိကို ​ပျော်​ရွှင်​​စေသည်..။

ပြီး​တော့ သူ့အ​မေအိမ်​လာပြီး ကျွန်​​တော်​တို့နှစ်​​ယောက်
ဘယ်​လို​နေကြလဲ လာကြည့်​တုန်းက...
ချန်း​ယောလ်​မလိမ္မာရင်​​ပြော​နော်​ ဆို​တော့...
hyungက သားကိုဂရုစိုက်​ပြီး...
ချစ်​ဖို့​လဲ​ကောင်းတဲ့ hyung​သေး​သေး​လေးမို့..
တစ်​ခြားလူ​တွေအ​ပေါ်ဆိုးရင်​​တောင်​..
hyungအ​ပေါ်ကို မဆိုးရက်​ပါဘူးလို့..သူ့အ​မေကို
ပြောခဲ့တဲ့​ကောင်​စုတ်​​က​လေးက...

ဒါ ပတ်​ချန်း​ယောလ်​မှဟုတ်​ပါ​လေစလို့ ဘုရားတခဲ့ရတဲ့အထိပင်​...။

SunflowerWhere stories live. Discover now