"ကလေးရာ......."

***************  *********** ***********
အနားမှာမတည်မငြိမ်ဖြစ်နေတဲ့Lingကိုကြည့်ကာ
သူစိတ်မချစွာမေးမိလေသည်။

" ပမာဏ တော်တော်များလား အခုဆုံးရှုံးတဲ့ပမာဏ"

" နယ်စပ်က သိုလှောင်ရုံတစ်ဝက်နီးပါးဖျက်စီးခံလိုက်
ရတာ zhan zhan သေချာတယ် ဟိုအဖွဲ့ပဲနေမှာ
အခုတွေ့ဖို့ပြောတာကလဲ တစ်ခုခုနဲ့အကျပ်ကိုင်.............."

ရုတ်တရတ်တစ်ခုခုကိုစဉ်းစားမိဟန်ဖြင့်မိမိဘက်ကို
လှည့်ကာ.......

"Yiboလေးကို တစ်ယောက်ထဲထားခဲ့တာလား
အိမ်မှာဘယ်သူရှိလဲ"

သူမပြောလိုက်တော့မှ သူကြောက်လန့်တကြားဖြစ်ကာ

" arr အိမ်မှာ လူတွေတော့ရှိတယ် ဒါပေမဲ့
အထူးလေ့ကျင့်ထားတဲ့လူတွေက အနောက်က
ပါလာတယ်"

"ဘာ!!!!!!"

သူမအသံကကားထဲမှာဟိန်းကနဲထွက်သွားသည်။

" အဲ့လောက်ထိပေါ့ဆ ရလားzhan zhan
ဟိုမှာတစ်ယောက်ထဲကျန်ခဲ့တာပေါ့................
Xingကို phoneဆက်ကြည့်စမ်းပါ
မြန်မြန်လုပ်စမ်းပါ တစ်ခုခုမဖြစ်ခင်"

တစ်တူတူနဲ့ဝင်သွားပေမဲ့Phoneက မကိုင်
အချိန်ကိုကြည့်လိုက်တော့ ၂နာရီ အတိ။

" မကိုင်ဘူး......ဆက်ခေါ်လဲကိုင်မှာ မဟုတ်ဘူးling
အချိန်ကိုပဲကြည့်ဦး .......ညဥ့်နက်နေပြီ"

ရုတ်တရတ်ပူပူထူထူဖြစ်လာကာ ကလေးရဲ့ phoneကို
ဆက်ကြည့်တော့လဲ မကိုင်.......

" ဆက်မနေနဲ့တော့ အချိန်ကညဥ့်နက်နေပြီ။ အနောက်
ကလူတွေထဲက ၃ ၄ယောက်လောက်ကို အိမ်ပြန်လွှတ်
လိုက်တော့"

အနောက်ကကားကို Phone ဆက်ကာ ၃ယောက်
လောက်ကို အိမ်ကိုအမ်ြပြန်ခိုင်းလိုက်ရတော့သည်။
ကားလေးကတော့နယ်စပ်ကိုတရွေ့ရွေ့
မောင်းနေသည်။

**************** *********** ***********
တစ်ဖက်မှာရုတ်ရုတ်သဲသဲဖြစ်နေသလို xaio zhan
စံအိမ်အတွင်းမှာလဲ လူတစ်ချို့ အခြေအနေကို
စောင့်ကြည့်နေသည်။ ထို့နောက်မှာတော့ အိမ်ထဲကို
အရဲစွန့်ဝင်လာသော အရိပ်မည်းမည်းတွေကို တွေ့လိုက်
ရသည်။

Sugar daddy(Complete)Where stories live. Discover now