ရင္တြင္းစကား
Start from the beginning
နောက်ပြီးရေးနေရင်းနဲ့ ကိုယ့်ကိုကိုယ်အားမရတွေဖြစ်လာတယ်။ Ony ဆိုတာ ဗမာအမေက မွေးထားလို့သာ ဗမာပြောရတာ။ စာရေးရင် အမြှီးအမြှောက်မတည့်ဘူး။ အရမ်းရှက်ဖို့ကောင်းတယ်။ ဒါ့ပြင် မြန်မာစာကို ဟုတ်တိပတ်တိမရေးတော့တာ ဆယ်တန်းဖြေပြီးကတည်းက ဆိုတော့ စာမရေးတာ ၁၆ နှစ်လောက်ရှိနေပြီ။ ဆယ်တန်းတုန်းကလည်း စာစီစာကုံးဆိုတာ ခေါင်းကို နံရံနဲ့ ပြေးဆောင့်ချင်တာမျိုး။ အဲ့ဒါက ပိုလွယ်တယ်လေ။ စာစီစာကုံး သုံးမျက်နှာရအောင် ဖြစ်ညစ်ပြီးရေးရတဲ့ လူမျိုး။ ဒါပေမယ့် စာတော့ဖတ်တယ်။ ကောင်းကောင်းဖတ်တယ်။ ဘယ်လိုပဲ ဖတ်ဖတ် မရေးတော့ ကျင့်သားမရှိ။ ကျင့်သားမရှိတော့ ရေးရတာ အဆင်မပြေဘူး။ ကိုယ်ကိုယ်တိုင်မှ အဆင်မပြေရင် ဖတ်တဲ့လူက ဘယ်မှ အဆင်မပြေနိုင်ဘူး။ ဒါကြောင့် အခုလို ချပြဖို့ မစဉ်းစားခဲ့ဘူး။
အပိုင်း 40 ကျော်တော့ လုံးဝလက်လျော့လိုက်တော့မလို။ အဲ့ဒီ့အချိန်မှာ reta-nan ထပ်တွေ့တယ်။ စကားစပ်မိလို့ ပြောကြရင်းနဲ့ Ony ရဲ့ fiction လေးထဲက တစ်ပိုင်းကို ပြကြည့်တယ်။ ရီတာက တင်ဖြစ်အောင် တင်ဖို့အားပေးလာတယ်။ အဲ့ဒါမှာတင် Ony လည်း နည်းနည်းအားရှိသလို ရည်ရွယ်ချက်လည်းရှိလာတယ်။ Ony အရမ်းသဘောကျနေတဲ့ Author ကပြောလာတာ မဟုတ်လား။
နောက်တော့ ဒီfiction လေးကို ဆက်ရေးတယ်။ link ပြတ်နေတာတွေကို တတ်နိုင်သမျှပြန်ညှိတယ်။ အမှားတွေကို တတ်နိုင်သမျှပြင်ပြီး August 18, 2019 မှာတင်ခဲ့တယ်။ အဲ့ဒီအချိန်အထိ ဒီ fiction ရဲ့ အကြမ်းထည်က မပြီးသေးဘူး။ ဒီ fic ရဲ့ အကြမ်းက August 27, 2019 မှ ပြီးသွားတာ။ ဒါပေမယ့် အများကြီး ချောဖို့လိုသေးတယ်။ 25% လောက် ချောဖို့လိုသေးတယ်။ ဒါပေမယ့် အရမ်းကြီး ခေါင်းသုံးပြီး အားစိုက်ရေးစရာမလိုတော့ဘူး။ ဒါကြောင့် Update က ပိုပိုပြီးမြန်လာတာ။
အမှန်ဆို ဒီထက်တောင် မြန်သင့်ပါသေးတယ်။ Reader.shii တို့ update လာတောင်းရင် အရမ်းအားနာပါတယ်။ တကယ်ပေးလိုက်ချင်ပါတယ်။ ဒါပေမယ့် ကလေးပေါက်စတစ်ကောင်နဲ့ဆိုတော့ တခါတလေ ရေးနေရင်းနဲ့ ဘယ်ရောက်သွားမှန်းမသိဘူး။ ဒါကြောင့် တခါတလေ အမှားတွေရှိသလို၊ ထင်ထားတာထက် ကြာနေတာပါ။