HEARTBEAT 24

21.9K 2.4K 186
                                    

"သခင်လေး!!အောက်မှာဧည့်သည်ရောက်နေတယ်"

အိမ်တော်ထိန်းဦးလေးကပြုံးစစမျက်နှာနှင့်လာပြောတော့ ရှောင်းကျန့်အောက်ထပ်ကိုဆင်းလာခဲ့၏။

ကျောင်းပိတ်ရက်တစ်ခါမှအိမ်ကိုမလာဖူးတဲ့ကျိုးချန်က ကြားသားမိုးကြိုးအိမ်ရောက်ချလာတာများလား။
သို့ပေမယ့်ကျိုးချန်လာတယ်ဆိုရင်အိမ်တော်ထိန်းကြီးက အဲ့လိုငါးခူပြုံးကြီးပြုံးနေမှာမဟုတ်ဘူး။

သူ့ပုံစံကအတွဲချောင်းရတော့မှာမို့မချိပြုံး
ပြုံးနေတာနဲ့တူတယ်။

"Wtf!!! ဝမ်ရိပေါ်! !!"

ဧည့်ခန်းထဲမှာမိန့်မိန့်ကြီးထိုင်နေတဲ့ရှောင်းကျန့်ရဲ့ကောင်လေး။
ဝတ်ထားတာကလည်း အနက်ရောင်Suitအပြည့်။

"အိမ်လာတဲ့ဧည့်သည်ကိုမြင်မြင်ချင်းဆဲတာမင်းတစ်ယောက်ပဲရှိတယ်
ရှောင်းကျန့်"

"မင်းကရုတ်တရက်ကြီးရောက်ချလာတာကိုးကွ"

ပြောရင်းဆိုရင်း ဆိုဖာပေါ်တင်ပျဉ်ခွေထိုင်ပြီး ရိပေါ်အတွက်ဧည့်ခံထားတဲ့ကိတ်မုန့်တစ်ချပ်ကိုကောက်ဝါးလိုက်တဲ့ရှောင်းကျန့်။

အိမ်နေရင်းဘောင်းဘီတိုလေးဝတ်ထားပြီးဆံပင်စုတ်ဖွားနဲ့ရှောင်းကျန့်ကိုမတွေ့ရတာကြာပြီဖြစ်တာကြောင့်ရိပေါ်ငေးနေမိသည်။
ထို့နောက်သူ့အကြည့်က ဘောင်းဘီတိုကြောင့်အထင်းသားပေါ်နေတဲ့ရှောင်းကျန့်ရဲ့ပေါင်သားလေးတွေဆီရောက်သွား၏။

အဆောင်မှာသာဆိုရင်ရိပေါ်အဲ့ဒီပေါင်သားလေးတွေကိုလိုက်ကိုက်ပြီးနေပြီ။
အခုတော့သူ့အိမ်ရဲ့ဧည့်ခန်းကြီးထဲမှာဖြစ်တာကြောင့်စိတ်ထင်တိုင်းကျီစယ်လို့မရပေ။

ရှောင်းကျန့်သူ့ကိုသက်သက်မဲ့နှိပ်စက်နေသလားထင်ရ၏....။
အား....ပေါင်းသားလေးကိုမြည်းချင်လွန်းလို့ပါးစပ်ယားနေပြီ။

"အဟမ်း!!ငါ မင်းကိုလာခေါ်တာ
ငါနဲ့လိုက်ခဲ့"

ရိပေါ်အကြည့်လွှဲပြီးစိတ်ထိန်းရင်းပြောလိုက်၏။

"အော်....ဒီနေ့ မင်းအဖေရဲ့ကုမ္ပဏီနှစ်ပတ်လည်Dinnerရှိတာပဲ
အဲ့ဒါကြောင့်မင်းသားလေးလိုချောမောနေတာပေါ့ဟုတ်လား"

HEARTBEAT (COMPLETED)Where stories live. Discover now