"မင်္ဂလာပါ။ ဘာကူညီပေးရမလဲရှင့်"
သျှန်နောင်က သူ့အား အလုအယက်မေးလာသော Receptionist အမျိုးသမီးလေးများကြောင့် နေကာမျက်မှန်ကို ချွတ်လိုက်ပြီး သိပ်မွေ့စွာ ပြုံးပြလိုက်သည်။
"ကိုယ် ကိုဈာန်လင်းခန့်နဲ့ တွေ့ချင်လို့"
"Appointment လုပ်ထားတာလား အစ်ကို"
"ဟင့်အင်း...."
"ဒါဆို အားတော့နာပါရဲ့။ MD က appointment လုပ်မထားရင် တွေ့ရဖို့မလွယ်ဘူးရှင့်။"
"သူ့ကို သျှန်နောင်လို့ ပြောလိုက်ပါ။ သေချာပေါက်တွေ့ပါလိမ့်မယ်။"
သူမလေးမှာ သျှန်နောင်၏ ယုံကြည်မှုတို့ ပြည့်နေသည့် မျက်နှာကြောင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ...
"အဲ့ဒါဆိုလဲ... ခဏလေးနော် အစ်ကို"
ထိုအမျိုးသမီးလေးက သွက်လက်စွာပင် ဖုန်းခေါ်ဆိုလိုက်သည်။ ပထမတော့ MD က ဧည့်သည်ရှိသည်ဟု ဆိုကာ ငြင်းရန်ပြင်သေး၏။ သို့သော် "သျှန်နောင်" ဆိုသော အမည်ကြားသည်နှင့် အသံခဏမျှ တိတ်သွားကာ ချက်ချင်းပင် လာခဲ့မည်ဖြစ်ကြောင်း ပြော၍ ဖုန်းချသွားတော့သည်။ သူမလေးမှာ MD ၏ အပြုအမူကြောင့် အံ့သြမိသည်။ သူမတို့ MD သည် မည်သူ့ကိုမျှ ကိုယ်တိုင်ထွက်၍ ခရီးဦးကြိုလေ့မရှိ။ appointment မလုပ်ထားလျှင် ဘယ်လောက်အရေးကြီးသည်ပြောပြော ဂရုမစိုက်။ ယခုတော့ ဒီလူ၏ နာမည်ကြားရုံနှင့်...။ ထူးတော့ထူးဆန်းသည်။ ကြည့်ရသည်မှာ သည်လူက အရေးပါသော လုပ်ငန်းရှင်တစ်ဦးများလား? သို့သော် မျက်နှာကြည့်ရသည်မှာ အသက်က အတော့်ကို ငယ်သေးသည်ဖြစ်ရာ ဒါလည်း မဖြစ်နိုင်။
"အစ်ကို... MD က လာခဲ့မယ်တဲ့။ ခဏလေးနော်။"
"ရတယ် ညီမ။ သူ့ရုံးခန်း ဘယ်မှာလဲဆိုတာသာပြောပါ"
"အပေါ်ဆုံးထပ်မှာ အစ်ကို။ ဓါတ်လှေကားက ထွက်ထွက်ချင်း ညာချိုးပြီး တည့်တည့်လျှောက်သွားပါ။"
"ကျေးဇူးပဲ ညီမ"
Receptionist မလေးခမျာ သျှန်နောင်၏ ခပ်နုနု အပြုံးတို့ကြောင့် မျက်နှာပင် နီမြန်းသွားရသည်။ သျှန်နောင်ကတော့ သူ့အား အားမနာတမ်းကို ငေးစိုက်ကြည့်နေသော ထိုမျက်လုံးများကို လျစ်လျူရှုကာ ဓါတ်လှေကားရှိရာဆီသို့ ထွက်ခဲ့သည်။ ဓါတ်လှေကား တံခါးဖွင့်လျှင် ဖွင့်ခြင်း မြင်လိုက်ရသည့် မျက်နှာကြောင့် သျှန်နောင်၏ မျက်နှာမှာ ပို၍တင်းမာသွားသည်။