Know Your Love

298 24 3
                                    

အိမ်ရှေ့ ကားထိုးလိုက်သည်နှင့် ဝုန်းဒိုင်းကြဲကာ
အခန်းထဲ တန်းဝင်သွားပါသော ကလေး

သူ ကြိတ်ရယ်ကာ အနောက်က အသာလေး ငြိမ်ငြိမ်လိုက်လာရသည် ။ နှုတ်ခမ်းကလည်း တစ်တောက်လောက် ထော်ထားသေးတယ် ။ တော်သေးတယ် သူ့ကို အဲ့နှုတ်ခမ်းကြီးနဲ့ ထိုးမသွားတာ... 
တော်တော် စလို့ကောင်းတဲ့ကလေး

*ဒေါက် ဒေါက် *

" taetae .. hyung ညစာ ဘာစားရမှာလဲ ? "

" ဘာမှမစားနဲ့ မချက်ဘူးးး "

" ဟီးးဟီးးး..  တကယ်ကြီးလား !! အာာ hyung တော့ ဗိုက်ဆာလို့ သေမှာပဲကွာ "

" မသေနဲ့လေ..  အဲ့ဒီ့ သတို့သမီးလောင်းဆိုလားး ဘာလားး အဲ့တစ်ယောက်နဲ့ သွားစားပါလား !!! "

Producer ကို သတို့သမီးလောင်းဆိုပြီး
စနောက်ကာ မိတ်ဆက်ပေးလိုက်တာကြောင့် ထိုကလေး အတော်ပေါက်ကွဲနေခြင်းဖြစ်သည် ။

" အာာ..  taetae ကလဲ..  hyung က taetae လေးနဲ့ အတူတူ စားချင်တာကို "

" မစားဘူးးး "

" မစားရင်လည်း ပြီးကွာ..  ကိုယ်က ကလေးကြိုက်တတ်တဲ့ သုံးထပ်သားကင် သွားစားမလားလို့ မစားတာ့ဘူးဆိုရင်လည်း.... "

စကားတောင် မဆုံးသေး တံခါးဖွင့်ကာ ထွက်လာသော စူပုတ်လေး..
မထူးမပါး နှုတ်ခမ်းက ထော်နေကာ..  လူကို ပြူးကြီးကြီးနဲ့ လာကြည့်နေသည် ။
မဖောင်းဘဲ မို့မို့လေး ဖြစ်နေတဲ့ ပါးလေးနှစ်ဖက်နဲ့ ရှုပ်ပွနေတဲ့ ဆံပင်ကေကြောင့် ထိုကလေး၏ ပုံစံမှာ သူတစ်ကယ်ပဲ..  ဖျစ်ညှစ်ပစ်လိုက်ချင်သည် ။
ဘယ်လိုတောင်ချစ်ဖို့ကောင်း... 
အသဲယားလာတာကြောင့် ကလေး၏ ညိုဖျော့ဖျော့ အုန်းမွှေးလုံး ဆံပင်လေးအား ဆွဲဖွပစ်လိုက်တော့ လက်ကို အတင်း ရိုက်ထုတ်၏ ။

" သွားမယ် လာ..  hyung လိုက်ကျွေးမယ် "

" တကယ်နော် ! "

" အင်းပါဆို "

" ဟီးးး ပြီးရော..  "

သွားတွေအကုန်နီးပါး မြင်ရလောက် ရယ်ပြလာပါသော boxy smile နဲ့ ကောင်လေး

" ဟိုတစ်ခါ jimin ကျွေးကတည်းက ထပ်စားချင်နေတာ..  Ahjushi ကလည်းမအားဘူး ပြီးတော့ တစ်ယောက်တည်းလဲ မသွားရဲလို့ ဟီးးး "

Know your Love Where stories live. Discover now