Know Your Love

621 38 4
                                    

Know your love _ { Ep.2 }___________________

" ဟိုကောင်လေး ! "

" ဘာ ဟိုကောင်လေးလဲ .. ထယ်ယောင်းပါဆို ဘယ်နှခါပြောရမလဲ .. နာမည်လေး ဘာလေးခေါ်ပါဦးလား Ahjushi ကြီးရဲ့ "

ပြတင်းပေါက်ဘောင်ပေါ်ထိုင်ရင်း ရေနွေးသောက်နေတဲ့ Namjoon အား အဝတ်တွေ လှန်းနေသည့် ထယ်ယောင်းမှ လှမ်းအော်သည် ။ Namjoon ကတော့ သူ့ကိုပြောသည်လို့ပင်မထင် ခပ်ပြုံးပြုံးဖြင့်

" အေးပါကွာ .. မင်းကလဲ စွာလိုက်တာ လာစမ်းပါဦး "

" ကျနော် မအားသေးဘူး အဝတ်လှန်းပြီးရင် လာခဲ့မယ် "

" အဲ့ဒါခဏထားပြီး လာခဲ့စမ်းပါ "

ထယ်ယောင်း လက်ထဲက ရေခါနေသည့်အဝတ်အား ကြိုးတန်းပေါ်အမြန်လွှားတင်ပြီးသည်နှင့် လျော့ကျကျ ချင်ချင် မျက်မှန်အား ပင့်တင်ကာ Namjoon ထိုင်နေရာ ပြတင်ပေါက်ဆီသို့ ခြေလှမ်းကျဲကြီးဖြင့် ရောက်ချလာသည် ။

" ပြော Ahjushi "

" ကလေး ! ကိုယ်တို့ ခရီးထွက်ရအောင် "

" Nae !!!!!! "

" လုပ်ပါကွာ ကမ်းခြေဘက် ခရီးထွက်ရအောင် ၄ ၅ ရက်လောက်ပါပဲ .. hyung ခေါင်းတွေ အရမ်းခြောက်နေလို့ပါ "

" ကျနော်ပါ လိုက်ရမှာလား ? "

" အင်းလေ .. သွားကြမယ်လေ .. အတူတူ အဲ့ဒါကျောင်းကို ခွင့်တင်လိုက်နော် "

အဖိုးကြီးပေါက်စ သဖွယ် ပါးချိုင့်ပေါ်အောင် ပြုံးကာ သူ့အဖြေကို မျှော်နေသည့် Namjoon Ahjushi အားကြည့်ရင်း သူသက်ပြင်းတချက် ချလိုက်သည် ။

________________Mono_______________

" yahooooooo 🏄🏻‍♂️🏊🏻‍♂️ "

ကမ်းခြေမှာ ပြေးဆော့နေတဲ့ Namjoon Hyung ကိုကြည့်ပြီး သူတကယ် ပင်ပန်းကြီးစွာ သောင်ပြင်၌ ထိုင်နေမိလိုက်သည် ။
လူကြီးတစ်ယောက်နဲ့ ခရီးထွက်တာလား ?
ဒါမှမဟုတ် ကျနော် ၅ နှစ်သားကလေးတစ်ယောက်နဲ့များ အတူထွက်လာလေသလား !!!!

" Namjoon Ahjushi !!! မိုးချုပ်တော့မယ်နော် ! ကျနော်တို့ နေစရာမရှာရသေးဘူး "

" အေးဆေးပါ ကလေးရာ ... နေစရာက ... ဟာာာာ !! သွားပါပြီကွာ လွတ်သွားပြီ တောက် ! အဲ့ဒါ ကလေးကြောင့် .. "

Know your Love Where stories live. Discover now