Know Your Love

288 30 4
                                    

မိုးတွေ သဲသဲမဲမဲ ရွာနေသည် ။
ထယ်ယောင်း ပြတင်းပေါက်တွေ သေချာလိုက်စစ်နေ၏ ။ ဒီနေ့ ကျောင်းပိတ်၍ တော်သေးသည် ။ နို့မို့ဆို .. စိုရွဲရွဲနဲ့ မိုးရေထဲ ပြေးရဦးမည်မလား ။
Ahjushi က ကြိမ်သေပေါက် သူ့ကားနဲ့ လိုက်ပို့မယ်ဆိုပေမဲ့လည်းပေါ့ ။
ဒါနဲ့ Appa တို့ သူ့ဆီ ဖုန်းမဆက်တာ တစ်ပတ်လောက်ရှိသွားပြီ ။
နေရောကောင်းရဲ့လား မသိဘူး ...
သားလေးတစ်ယောက်တည်းရှိတာ စိတ်ချလက်ချ လွှတ်ထားသူရယ်ပါလေ ...

" ထယ်လေး..  hyung ကို ကော်ဖီဖျော်ပေးပါလား ? "

" ဟုတ်ကဲ့ Ahjushi ခဏလေးနော် ! "

" အင်း ဖြည်းဖြည်းလုပ်..  hyung ဧည့်ခန်းထဲမှာ စောင့်နေမယ် "

" ဟုတ်..  "

Taehyung  နွားနို့ကျိုကာ ကော်ဖီမှုန့် ခပ်ပြီး..  Ahjushi ရှိရာ ဧည့်ခန်းဆီသို့ ခပ်သွက်သွက်ပင် ကော်ဖီဗန်းသယ်ပြီး ရောက်ချလာသည် ။
Ahjushi ကတော့ ဂီတာအား ကြိုးညှိနေရင်းမှ သူ့ဆီ ကြည့်ပြီး ကော်ဖီခွက်အား လက်လွှဲယူလိုက်၏ ။

" Ahjushi ! အနွေးထည် ယူဦးမလား အေးလား ? "

အပြင်ဘက်မှ သည်းမည်းစွာ ရွာသွန်းနေတဲ့ မိုးကြောင့် အအေးဓါတ်မှာ ရှိရင်းစွဲထက် အနည်းငယ်ပိုနေ၍
ဆွယ်တာ တစ်ထည်တည်း ဝတ်ထားသော Ahjushi အား စိုးရိမ်ကာ မေးလိုက်သည် ။

" ဟင့်အင်း..  ရတယ် hyung အဆင်ပြေတယ် "

" အင်း..  ပြီးရော "

Namjoon ကြိုးညှိပြီးသား ဂီတာ အား လက်ကွက်စမ်းနေသလို... 
Taehyung မှာလည်း remote တခုဖြင့် channel တွေ တစ်လိုင်းပြီး တစ်လိုင်းပြောင်းနေသည် ။

" Ahjushi !! ဒီကား ကြည့်ဖူးလား ? "

TV ဆီ remote ကိုင်ထားသည့်လက်ဖြင့် ညွှန်ပြရင်း မေးတော့ Namjoon လက်ထဲမှ ဂီတာ အားချကာ

" ဘာကားလဲ ထယ် ? "

" me before you ! "

" အင်းးး..  ကိုယ် စာအုပ်ဖတ်ဖူးတယ် "

" ကောင်းတယ်နော် Ahjushi "

Namjoon ပြုံးသည် ။ ဒါပေမဲ့ နှစ်လိုဖွယ်ရာသဘောတကျမဟုတ်ဘဲ..  ခပ်မဲ့မဲ့အပြုံးတခု..
Taehyung နားမလည်စွာ ခေါင်းခါ၍ TV ကိုသာ အာရုံ ပြန်စိုက်လိုက်သည် ။

Know your Love Where stories live. Discover now