"ေ-ာက်ခြောက် မင်း တော်တော်ကျွတ်သွားတယ် ထင်တယ်။ ပင့်တောင် ယူရတယ်။"
သျှားအိမ် မိမိကိုယ်မိမိ ကျိန်ဆဲလိုက်သည်။ မမျှော်လင့်ပဲ ချစ်သူကို အန္တရာယ်ကြားသို့ ခေါ်ခဲ့မိပေပြီ။
"သူက ဟိုတခါက လာသောင်းကြမ်းသွားတဲ့ လူလား။"
သျှန်နောင်က ခပ်အေးအေးပင် သျှားအိမ်ကို မေးလာသည်။
"ဟုတ်တယ်..."
"မောင့်ကို ဒဏ်ရာရအောင်လုပ်တဲ့လူ ဆိုတာကကော"
"အဲ့ဒီ့ကောင်ပဲ။"
သျှားအိမ် ငဘကို မေးငေါ့ပြလိုက်သည်။ ငဘကတော့ သူတို့နှစ်ဦး စကားပြောနေပုံကို နားထောင်ကာ ရွံရှာစွာဖြင့် တံတွေးတစ်ချက်ထွေးလိုက်ပြီး...
"ထွီ... ေ-ာက်ခြောက်တွေ။ "မောင်"တွေ ဘာတွေနဲ့ ရွံစရာ။"
ငဘနည်းတူ သူ့ငယ်သားတချို့လည်း ရွံရှာစွာ တံတွေးထွေးလိုက်သည်။ သျှန်နောင်ရော သျှားအိမ်ပါ မျက်နှာတစ်ချက်မပျက်ပါ။ ပျက်ရအောင် ကိုယ်ထမင်းကိုယ်စားနေသော လူချည်း။
သျှန်နောင်က ငဘအား စူးစူးစိုက်စိုက်ကြည့်ကာ ခပ်ထေ့ထေ့ပြုံးလိုက်သည်။ ဟိုနေ့က ချူးဝေကို ဒီကောင့်ကို ရှာခိုင်းလိုက်သည်။ ယခုတော့ ကျေးဇူးရှင်က ဖုန်းဆက်ပြီးတောင် ခေါ်လိုက်သေးသည်။ အဆင်သင့်လိုက်ပုံများ။
"ဒီမှာ မင်း ဘာကိစ္စနဲ့ ငါတို့ကို ဒီခေါ်ရတာလဲ"
ငဘက သျှားအိမ်ကို ကြည့်ကာ မခိုးမခန့်ပြုံးလိုက်ပြီး...
"မင်းကို ဒီနေရာက ဖယ်ဖို့ပြောထားတဲ့ အချိန်စေ့သွားပြီလေ။ ဒါပေမယ့် မဖယ်သေးလို့ သင်ခန်းစာခေါ်ပေးတာ။"
သျှားအိမ် မျက်ခုံးတဖက်ပင့်ကာ ကြည့်လိုက်ပါသည်။ သူ့ကိုများ သင်ခန်းစာပေးမယ်လေး ဘာလေးနဲ့။ ကြည့်ကြသေးတာပေါ့။
သျှန်နောင်ကတော့ ထိုဂိုဏ်းစတားဂိုက်ကို အပြည့်အဝဖမ်းနေသော သကောင့်သားအား ခြေဆုံးခေါင်းဆုံကြည့်ပြီး...
"မင်း ဖိုးထောင်နဲ့ ဘယ်လို ပတ်သက်လဲ။"
ဖိုးထောင်ဆိုသည်မှာ ဤနယ်မြေတဝိုက်တွင် ကျင်လည်ကျက်စားသော လူမိုက်ခေါင်းဆောင်ဖြစ်သည်။ သူ ဖိုးထောင်ကို သိလားဟု မေးခြင်းမှာ ဖိုးထောင်ကို ေ-ာက်ဂရုစိုက်၍တော့ မဟုတ်။ အကယ်၍ ဖိုးထောင်က မေ့ပြီးတော့များ သူ့တပည့်များကို မဆုံးမမိလျှင် သူကိုယ်တိုင် ဖိုးထောင်ကို "သတိပေး"ရန် ဖြစ်သည်။