2. လုရှန်းရဲ့ကလေး

7.1K 502 1
                                    

"ငါသူ့ကို တွေ့ရမှဖြစ်မယ်"
ဟွေ့ရင်က ပြောတယ်။

ဟွေ့ရင် သူမရဲ့ခင်ပွန်းဟောင်းကိုတွေ့ဖို့ ဂိတ်ဝမှာ တောင်းဆိုနေတာက ခွေးဝဲစားတစ်ကောင်နဲ့တူပေမယ့်လည်း သူမရဲ့မျက်ဝန်းတွေက ဝိုင်းစက်ကျယ်ပြန့်ပြီး လေးနက်နေတယ်။ ပြီးတော့ မရည်ရွယ်ပါဘဲ မျက်ရည်တွေလည်းစီးကျနေသေးတယ်။

သူမရဲ့အလှအပတွေက ပျောက်ဆုံးသွားခဲ့ပြီ။ ဒါပေမယ့် အဲ့ဒီခုန်ဆင်းပစ်ချင်စရာ နှစ်သက်ဖွယ်မျက်ဝန်းတွေကတော့ ကျန်ရှိနေဆဲပဲ။

နျန်ကျန်းရဲ့အမုန်းတွေက ဝမ်းထဲမှာ အက်ဆစ်လိုမျိုး ပလုံစီထလာတယ်။ သူမလက်မှာဝတ်ဆင်ထားတဲ့ ဈေးကြီးတဲ့လက်စွပ်ကို နျန်ကျန်းငုံ့ကြည့်လိုက်တယ်။ တဖြည်းဖြည်းနဲ့ သူမနှုတ်ခမ်းလွှာတွေက ပျော်ရွှင်စွာတွန့်ကွေးသွားတယ်။

ဟား! ဘာများ မနာလိုစရာရှိသလဲ?
ဟွေ့ရင်က ဒီလောက်တောင် နိမ့်ကျနေပြီပဲဟာ။ ဆင်းရဲတယ်၊ ကွာရှင်းထားတယ်၊ ပြီးတော့ ရုပ်ဆိုးတယ်။ သူမက ဘယ်လိုလုပ်ပြီး နျန်ကျန်းနဲ့ ယှဉ်ရဲမှာလဲ? ပြောရရင် လုရှန်းက သူမအပိုင်ဖြစ်နေပြီ။ ခြင်္သေ့က ခွေးတစ်ကောင်ကို သတိထားနေဖို့ လိုပါ့မလား?

"ငါ့မှာ သူ့ကလေးရှိတယ်..."

တိုးညင်းတဲ့ အသံဖျော့ဖျော့က သူမနားထဲဝင်ရောက်လာတဲ့အခါမှာ နျန်ကျန်းအေးခဲသွားတယ်။

တံခါးအပြင်မှာရပ်နေတဲ့ ဟွေ့ရင်ကို သူမစိုက်ကြည့်လိုက်တယ်။ ဒီမိန်းကလေးက ဝမ်းဗိုက်ကို တယုတယကိုင်တွယ်နေတာကို သူမသတိထားမိသွားတယ်။ အဲ့ဒီအချိန်တိုအတွင်းမှာပဲ နျန်ကျန်းတစ်ကိုယ်လုံး ဒေါသနဲ့ဖုံးလွှမ်းသွားတော့တယ်။

ဒီခွေးမက ဘယ်လိုလုပ် လုရှန်းရဲ့ကလေးကို လွယ်ထားနိုင်ရတာလဲ?

နျန်ကျန်းက လုမိသားစုရဲ့ဆက်ခံသူကို မွေးပေးဖို့ ကြံရွယ်ထားခဲ့တာ။ သူမက အဆုံးထိတောင်မှ အကွက်ကျကျတွက်ချက်ပြီးနေပြီ။ ဒါပေမယ့် ဒီလိုအရေးကြီးတဲ့ကိစ္စကို သူမမေ့သွားမိတယ်။

နျန်ကျန်း အံကြိတ်လိုက်တယ်။ ဒီအမှိုက်က သူမရဲ့အစီအစဉ်တွေမှာ ဘယ်လိုများ လာရှုပ်ရဲရတာလဲ?

Revenge Sevenfold {Unicode} [Myanmar Translation]Where stories live. Discover now