သို့သော် ထို့သို့ အိုးနင်းခွက်နင်းအနေတွင် နှင်းဆီပန်းစည်းကြီးတစ်ခု သူ့ထံရောက်သည်။ ပန်းစည်းကြီးမှ တော်တော်ကြီးသည့် ပန်းစည်းကြီးဖြစ်သည်။ အနည်းဆုံးမရှိလျှင်တောင် သုံးရာထက်မနည်းနိုင်။ ပန်းစည်းတွင် နာမည်မပါသည့်တိုင် ဒီလိုနေ့မျိုးတွင် surprise လုပ်သူမှာ ဖြစ်နိုင်ချေဟူရ၍ တစ်ယောက်တည်းသာရှိသည်။ ပန်းမကြိုက်သော်လည်း ချစ်သူပေးလာတော့ လက်ခံရတော့မှာပေါ့။ ထိုလူကို ဖုန်းခေါ်ပါသော်လည်း "လူကြီးမင်း" နှင့်သာ တိုးနေသဖြင့် ကျေးဇူးတင်ကြောင်း message ပို့လိုက်ပါသည်။ ထို့နောက် ပန်းစည်းကြီးကို ရုံးခန်းထဲတွင်ထားကာ လုပ်စရာရှိသည်များကိုသာ လုပ်နေလိုက်သည်။
-------------
ယနေ့က ပိတ်ရက်လည်းဖြစ် ချစ်သူများနေ့လည်းဖြစ်သည့်အလျောက် ဆိုင်တစ်ခုလုံးက အတွဲများဖြင့် ပြည့်နေသည်။ ထို့ပြင် order pickup များမှာ တစ်ပြိုင်တည်းနီးပါးကျလာသဖြင့် ရှုပ်ယှက်ခတ်နေတော့သည်။ ဒီလောက်ကြိုတင် စီစဉ်ထားတာတောင်မှ တစ်ချက်တစ်ချက် ကော်ဖီက ပြတ်သွားသည်။ ကိတ်မုန့်ကလည်း ပြတ်လုလု။
အနောက်တွင် ကိတ်မုန့်ဖုတ်မည့်လူဟူ၍ မနေ့တစ်နေ့က အလုပ်ဝင်သော မေခနွယ် ခေါ် ခခ တစ်ယောက်သာရှိသည်။ လူကျပါသည်ဆိုမှ ခေတ်စိုးတစ်ယောက်က မနက်စောစော sick call ခေါ်လာသည်။ တမင်သက်သက် ညစ်ပတ်မှန်းသိသော်လည်း မတတ်နိုင်။ သို့နှင့် dayoff ယူထားသော တိုးငယ်ကို မျက်နှာပူပူဖြင့် ခေါ်ကြည့်တော့ လိုလိုချင်ချင်လာပေးရှာပါသည်။ အဲ... ဒါတင်ပဲလားဆိုတော့မဟုတ် အဖျော်ဆရာက တမင်စောစောလာပါလို့ ခေါ်ထားပါသည်ဆိုမှ ကိုယ်ရေးကိုယ်တာကြောင့် နေ့လယ်ပိုင်းမှ ရောက်မည်တဲ့။ ကောင်းရော။ ဒီတော့ သျှားအိမ်တစ်ယောက် အရှေ့မှာနေပြီး အိမ်ရှေ့မင်းသား... အဲ... ဆိုင်ရှေ့မင်းသားကြီးကို ဖြစ်လို့။ ပို၍ ရုပ်ဆိုးသည်မှာ ပန်းကန်ဆေးဝန်ထမ်းက အီလေးဆွဲကာ လုပ်နေသဖြင့် ပန်းကန်အသန့်များမရှိတော့။ ထို့ကြောင့် အမြဲတမ်း Backup အနေဖြင့် ဆောင်ထားသော တခါသုံး ပန်းကန်ခွက်ရောက်များကို သုံးနေရသည်။
မနေ့က တိုးငယ်နှင့်အတူ သူ့အကြောင်းဝန်ခံပြီးကတည်းက ဝန်ထမ်းအချို့က အချိုးမပြေချင်တော့။ မရှိမဲ့ရှိမဲ့ ပညာလေးကို လာပြသည်။ သျှားအိမ်ဆိုသည်ကလည်း ဒါမျိုးအချိုးလောက်က "ဟဟ" တောင် ကင်းမြှီးကောက်ထောင်ကာ "ဟဟ" လုပ်ပြလိုက်မည်။ နည်းနည်းမျှမမှု။ လှော်တက်မရှိလို့ကတော့ လက်ချည်းလှော်မည် အရှုံးပေးဖို့များတော့ စိတ်ပင်မကူး။