"သွားမယ်လေ Xing နောက်တောင်ကျနေပြီ"

"ဟုတ်.. ဟုတ် ge yibo Fighting!!!!!!"

တကယ်ကိုတက်ကြွနေပါသော .....မန်နေဂျာလေးပင်

******* * ******** ******** *************

လက်မှတ်ထိုးတဲ့နေရာမှာတော့ လူတွေကထင်ထားတာထက်များနေသည်။
လုံခြုံရေးတောင်တိုးမြှင့်ခေါ်ရသည်အထိ။

တကယ်ဆို ဒီsignထိုးပွဲက Dreamကိုယ်စား
လှယ်နဲ့ပဲဆိုင်တဲ့ကိစ္စ ကိုXaio zhanက
မယောင်မလည်နဲ့ရောက်လာသေးသည်။

မိမိအနားကမန်နေဂျာထိုင်ရမဲ့ခုံကိုလဲခပ်တည်တည်
နဲ့ယူထိုင်နေတာကြောင့်Xingကတောင် မနိုင်ဘူး
ဆိုပြီးခေါင်းရမ်းထွက်သွားရတဲ့အထိ ပေကပ်ပြီး
ထိုင်နေတဲ့ပုံက ဂျစ်တိုက်နေတဲ့ကလေးငယ်ပုံစံ။

"Z....ဟိုလေ"

ကောင်မလေးတစ်ယောက်က ကြောက်နေဟန်ပုံ
လေးနဲ့  အသံလေးကအစထစ်နေသေးသည်။
သူမလက်ထဲမှာ မိမိတို့ဇာတ်လမ်းရဲ့
posterတစ်ထပ်ကြီးနဲ့။

"ပြောလေ .....ကိုယ့်ကိုတစ်ခုခုပြောချင်နေတာ
မဟုတ်လား"

သူစကားထောက်ပြတော့မှ ကောင်မလေးက
အားရှိလာဟန်နဲ့ မျက်မှန်ကိုင်းလေးကိုတစ်ချက်ပင့်ကာ။

" yoonက Korea လူမျိုးပါ။ Zကို အရမ်းသဘောကျတာ"

ကိုရီးယားလေသံလေးနဲ့ တရုတ်စကားကို မပီကလာ
ပီကလာနဲ့ပြောနေပုံက ကလေးလေးတစ်ယောက်
စကားစသင်နေတဲ့ပုံစံလေးမလို့ သူသဘောတစ်ကျ
ပြုံးမိလိုက်သည်။

" အဟင်း......ဒီမှာ ကောင်မလေး... နောက်မှာလူ
တွေအများကြီးရှိသေးတယ်။ပြောစရာရှိတာမြန်မြန်
ပြော"

မျက်နှာရှစ်ခေါက်ချိုးနဲ့ပြောနေပုံက ထိုကလေးမ၏
ပြောလက်စကားလုံးများကို ရပ်တန့်စေသည်။
လန့်သွားသော ကလေးမကိုသူတစ်ချက်ပြုံးပြ
လိုက်ကာ.......

"ပြောပါ .....ငယ်လေး.ကိုယ့်ကိုမကြောက်ပါနဲ့"

"arrrဟုတ်ဟုတ် yoonကလေ ge Zကို
ကျောင်းကတည်းက သဘောကျတာပါ။
yoonက geနဲ့တစ်ကျောင်းထဲပဲ"

ပြုံးပြီးပြောနေတဲ့ကောင်မလေးကို Xaio zhan
မလိုသလို မျက်မှောင်ကြုံ့ကြည့်လိုက်သည်။

Sugar daddy(Complete)Where stories live. Discover now