''8''

39.4K 3.6K 65
                                    

ရှောင်ကျန့်က သူရဲ့လက်ကောက်ဝတ်ကို တင်းကြပ်စွာဆုပ်ကိုင်လာတဲ့လူကြောင့် မျက်နှာပျက်ယွင်းသွားတော့တယ် ။ ဒီကမ္ဘာရဲ့အဓိကဇာတ်လိုက်က ဘာဖြစ်ချင်နေတာလဲ? ။ လူကိုဆွဲလားရမ်းလားနဲ့ လုပ်ချင်သလိုကိုလုပ်နေတော့တာပဲ ။ ကိုယ့်ဘာသာကို အေးဆေးမနေနိုင်ဘူးလား? ။ ရှောင်ကျန့်က သူ့ကိုပြုံးပြုံးကိုစိုက်ကြည့်နေတဲ့ ဝမ်ရီပေါ်ကို အလွန်ပင်ဒေါ်သထွက်လာရတော့တယ် ။ သောက်ရူးကောင်!!

လင်ယွီက ဝမ်ရီပေါ်ကိုတွေ့လိုက်တဲ့တစ်ခဏ အလွန်အံ့သြသွားတော့တယ် ။ ဝမ်ရီပေါ်က ရှောင်ကျန့်ကို သိနေတာလား? ။ ဒေါ်သထွက်နေတဲ့ရှောင်ကျန့်ကြောင့် ဝင်ပါဖို့ဆုံးဖြတ်လိုက်ပေမဲ့ တစ်စုံတစ်ယောက်ရဲ့တားစီးခြင်းကိုခံလိုက်ရတယ် ။ ကျန်းရှောင်ရန်? ဒီလူက ဘာဖြစ်ချင်နေတာလဲ? ။

" မင်းရဲ့သူငယ်ချင်းကို စိုးရိမ်ဖို့မလိုအပ်ဘူး ။ ရီပေါ်က သူ့ကို နာကျင်အောင်လုပ်မှာမဟုတ်ဘူး ။ အဲ့တစ်ခုကိုတော့ ငါသေချာပြောနိုင်တယ် ''

ကျန်းရှောင်ရန်က သူ့ကို အေးစက်စွာစိုက်ကြည့်နေတဲ့ လင်းယွီရဲ့မျက်လုံးတွေကို မမြင်ချင်ယောင်ဆောင်ကာ ပြောလာတယ် ။ သူပြောတဲ့လိုက်တဲ့အထဲမှာ အမှားတစ်ခုမှမပါဘူး ။ ဝမ်ရီပေါ်က ရှောင်ကျန့်ကို ဘယ်တော့မှနာကျင်စေမှာမဟုတ်ဘူး ။ တစ်ခုပဲ! အစားခံရမှာလွဲရင်ပေါ့ ။

" ကျန်းရှောင်ရန် ''

" မင်းက ငါ့ကိုသိနေတာပဲ ''

" ဝမ်ရီပေါ်ရဲ့အားထားရတဲ့ လူယုံကိုမှမသိရင် ငတုံးတစ်ယောက်ပဲဖြစ်တော့မှာပေါ့ မဟုတ်ဘူးလား? "

လင်းယွီက ထိုသို့ပြောပြီးတာနဲ့ ကျန်းရှောင်ရန်ရဲ့ခြေထောက်ပေါ်ကို သူမဝတ်ထားတဲ့ဒေါက်ဖိနပ်နဲ့ တက်နင်းပစ်လိုက်တယ် ။ ကျန်းရှောင်ရန်သာ အရှောင်မမြန်ခဲ့ရင် လုံးဝမတွေးရဲစရာပဲ ။ ကျစ်! ဒီအမျိုးသမီးက တကယ့်ကြောက်ဖို့ကောင်းတယ် ။ နောက်ဆိုရင်သူမနဲ့ ခပ်ဝေးဝေးနေရမယ် ။

" ဝမ်ရီပေါ် ငါရဲ့လက်ကိုလွှတ်ပေး! ''

" ​ကိုယ် မင်းကို လွန်ခဲ့တဲ့ငါးနှစ်က ပြောထားတဲ့စကားတွေကို မေ့ပစ်လိုက်ပြီလား? ရှောင်ကျန် မင်းကသိပ်ကိုဆိုးလွန်းတယ် ''

Virus System [ Completed ]Wo Geschichten leben. Entdecke jetzt