"sorryနော်။ ခင်ဗျား စိတ်ဆိုးသွားလားဟင်။"
ခက်တော့ခက်သည်။ ဘုန်းကြီးခေါင်းခေါက်ပြီးမှ မျက်နှာငယ်လေးဖြင်ကြည့်ကာ ကန်တော့ဟူသော အချိုးချိုးနေသော ထိုသူကြောင့် သူ့မှာ စိတ်မတိုနိုင်တော့သည့်အပြင် ရယ်ပင်ရယ်ချင်လာသည်။
"ကိုသျှားအိမ် ခင်ဗျားဟာလေ..."
ငုံစူးနေသော ထိုပွင့်လွှာနှုတ်ခမ်းတို့ အပြုံးနုနုနှင့် ပွင့်အာလာတော့မှ သျှားအိမ် သက်ပြင်းချနိုင်တော့သည်။ လူသူမသိ တစ်ဖက်သပ်ဖြစ်နေသော သူ့အဖြစ်ကား ဆိုးရွားလွန်းလှသည်။ စိတ်ဆိုးသွားလို့ ချော့လျှင်တောင်မှ အစွမ်းကုန်မချော့ရဲ။ မတော် ရင်ထဲမှ ဌာန်ကရိုဏ်းမကျသည့် ရင်ခုန်သံများ ပွင့်အံကျလာလျှင် ခက်ရချည်ရဲ့။
"ခင်ဗျား စိတ်မဆိုးတော့ဘူးပေါ့။"
"ကျွန်တော် ဒီလောက်နဲ့ စိတ်ဆိုးရအောင် ကလေးမှ မဟုတ်ပဲ။"
ကြည့်ပါလား။ ရအောင်ပြန်ချေပနေသေးသည်။
"အဟားဟား... ဟုတ်ပါပြီဗျာ။ ကျွန်တော်မှားသွားပါတယ်။"
ရယ်မောနေသည့် ထိုလူ၏ မျက်နှာချောချောကို ဘုကြည့်ကြည့်လိုက်သည်။ ရယ်ပုံကိုက သူ့ကို လှောင်နေသည်မှာ အသိသာကြီး။
"ကဲ..ကဲ... မနက်စာ စားကြစို့။"
သျှားအိမ်က ပြောလည်းပြော မနက်စာ ပန်းကန်ကို သျှန်နောင် ရှေ့သို့ချပေးလိုက်သည်။ ထုံးစံအတိုင်း omelet, ဆလပ်ရွက်နှင့် ခရမ်းချဉ်သီးပါသော salad , beacon နှင့် toast... ဒီကြားထဲ အချိုတည်းဖို့ စပျစ်သီးအချို့က ပါသေးသည်။
နှစ်ဦးသား စားစရာရှိသည်ကို တိတ်ဆိတ်စွာ စားနေသော်လည်း သျှားအိမ်ကမူ သျှန်နောင်ကို တစ်ချက်တစ်ချက်ခိုးကြည့်ကာ အလုပ်များနေတော့သည်။ ဤသည်ကို သျှန်နောင်မသိသည်တော့မဟုတ်ပါ။ မသိကျိုးကျွန်ပြုနေခြင်းသာ။ ထိုမသိကျိုးကျွန်ပြုနေသည့်အထဲတွင် သူ၏ကိုယ်ပိုင် ပုံမမှန်သော ရင်ခုန်သံတို့လည်း ပါဝင်သည်။
"ဒါနဲ့ ကိုသျှန်နောင် ခင်ဗျားဒီလိုချည်းနေ့တိုင်းစားနေရတာမငြီးငွေ့ဘူးလား။"