THIRTY-TWO

2K 309 56
                                    

" ဆယ်​ဟီး​လေး......​နေလို့မ​ကောင်းဘူးလား "

နဖူး​လေး​ပေါ်လက်​ဖြင့်​စမ်းရင်းဆယ်​ဟွန်း
စိတ်​ပူစွာ​မေးမိသည်​။

ဒီရက်​ပိုင်းအနည်းငယ်​ချူချာလာ​သော
သမီး​လေး​ကြောင့်​သူ့ဒယ်​ဒီဆီပို့​ပေးရမှာကိုပင်
စိတ်​မချနိုင်​ဖြစ်​​နေမိသည်​။

" ကိုကြီး......ဆယ်​ဟီး​လေးကိုသူ့ဒယ်​ဒီနဲ့
ထည့်​​ပေးလိုက်​လို့တကယ်​ပဲဖြစ်​ပါ့မလား....... "

" ဆယ်​ဟွန်းရယ်​.....အရမ်းလည်းစိတ်​မပူပါနဲ့.....
ဟိုကလည်းအ​ဖေပဲ​လေ......ဂရုစိုက်​မှာပါ....... "

သူ့သမီး​လေးကိုညအိပ်​မလွှတ်​ချင်​သည်​မို့
အနည်းငယ်​စိတ်​ရှုပ်​​နေ​သောဘီငယ်​​လေးကို
ဂျောင်​ဆူးမှာ​ချော့​မော့​ပြောရ​တော့သည်​။

ဝူရီဖန်​သည်​လည်းအ​ဖေတစ်​​ယောက်​ဖြစ်​​နေသည်​မို့
ဒီ​လောက်​အခွင့်​အ​ရေးက​တော့ရသင့်​သည်​မဟုတ်​လား။

တီး​တောင်​......တီး​တောင်​!!!!

" ​ဟော......​ပြော​နေရင်းနဲ့​ရောက်​လာပြီထင်​တယ်​ "

စကား​ပြော​နေရင်းပင်​လူ​ခေါ်ဘဲလ်​တီးသံ
ကြားသည်​မို့​ဂျောင်​ဆူးကပင်​တံခါး​ပြေးဖွင့်​ရသည်​။

" ဒယ်​ဒီ!!!! "

သူ့ဒယ်​ဒီအိမ်​ထဲဝင်​လာသည်​နှင့်​အ​ပြေးသွားသည့်
ဆယ်​ဟီး​လေးကိုဆယ်​ဟွန်းတစ်​​ယောက်​မျက်​နှာ
စူပုတ်​ပုတ်​နှင့်​ကြည့်​​နေ​တော့သည်​။

သမီး​လေးကသူ့ဒယ်​ဒီကို​တော့အ​တော်​ခင်​တွယ်​သည်​။

" ဆယ်​ဟွန်း!!! အဲ့မှာဘာရပ်​လုပ်​​နေတာလဲ.......
ပေးစရာရှိတဲ့ဆယ်​ဟီးပစ္စည်း​တွေ​ပေးလိုက်​​လေ..... "

သမီး​လေးကိုတစ်​ပတ်​​လောက်​ညအိပ်​​ခေါ်ချင်​သည်
ဆို​သော​တောင်းဆိုချက်​ကိုဆယ်​ဟွန်းမှာမသာမယာ
နှင့်​ခွင့်​ပြုထားရခြင်းဖြစ်​သည်​။

သမီး​လေးနှင့်​တစ်​ခါမှညအိပ်​မခွဲဖူးသည်​မို့
ပထမဆုံးအကြိမ်​ကိုအသားမကျနိုင်​ခြင်းဖြစ်​သည်​။

Second Love [ ChanHun OTP ] CompletedWhere stories live. Discover now