"ဟုတ်ပါတယ်ခင်ဗျာ။ ကျွန်တော် သျှန်နောင်ပါ။
သျှန်နောင် လှောင်ပြုံးတစ်ခုဖြင့် နိုင်ထူး၏ ဒေါသကိုဆွလိုက်သည်။
"ေ-ာက်ခြောက်.. မင်းတော်တော် -င်ယားနေတယ် ဟုတ်လား။"
"အဟက်... ငါက မင်းယားနေတယ်ထင်နေတာ။ ဒါပေမယ့် မင်းက ယားနေတာမှ မဟုတ်ဘဲ။ သေချင်နေတာကို။"
"ေ-ာက်ခြောက်ကောင်... မင်း...!!! ဟေ့ကောင်တွေ ဘာလုပ်နေတာလဲ... လှလို့ကြည့်နေတာလား.."
ကျွန်သားပေါက်နှစ်ကောင်က သခင်ဖြစ်သူ၏ ငေါက်ငမ်းသံအဆုံးတွင် ညာသံပေးကာ ဓါးကိုယ်စီဖြင့် သျှန်နောင်ထံ ပြေးဝင်လာသည်။
သျှန်နောင်က ခန္ဓာကိုယ်ကို ဘေးသို့ကိုင်းလိုက်ပြီး ပထမတစ်ဦး၏ ဓါးချက်ကို ရှောင်ရင်း ဒုတိယတစ်ယောက်၏ ညို့သကျည်းကို ဝက်အူကြပ်သည့်ခွရှည်ဖြင့် သိမ်းရိုက်လိုက်သည်။
"ကျား...."
"ဒုတ်.."
"အင့်"
ဒုတိယလူမှာ နာကျင်မှုဖြင့် ယိုင်လဲသွားသော်လည်း ပထမတစ်ယောက်က ပြန်ပြေးဝင်လာပြန်သည်။ သျှန်နောင် ဘေးသို့ အသာရှောင်လိုက်ပြီး ထိုလူအား ကိုယ့်အရှိန်ဖြင့် ကိုယ်ကျော်သွားစေသည်။ ပြီးမှ ထိုသူ၏ နောက်စေ့ကို ဝက်အူလှည့်ခွဖြင့် အားကုန်ရိုက်ချကာ မြေပေါ်တွင် သိပ်လိုက်သည်။
"ခွပ်..."
"အ.."
ထို့နောက် အတင်းကုန်းရုန်းထနေသော ဒုတိယလူ၏ မျက်နှာကို ရှုးဖိနပ်ထိပ်ဖြင့် ထပ်ကန်လိုက်သည်။ တဆက်တည်းမှာပင် နောက်ကျောမှ ဓါးဖြင့်ဝင်ရောက်လာသော နိုင်ထူးကိုလည်း ကပျာကယာ ရှောင်လိုက်ရသေးသည်။ နိုင်ထူးကား ကိုယ့်အရှိန်နှင့်ကိုယ် ခြေချော်ကာ ရွံ့အိုင်ထဲသို့ မျက်နှာစိုက်၍ ကျသွားတော့သည်။ ထိုအချိန်တွင် သျှန်နောင်က ဒုတိယလူကိုပါ ဝက်အူခွဖြင့်ရိုက်ကာ သိပ်လိုက်သည်။ ပြီးလျှင် ရွံ့ထဲမှ ကုန်းရုန်းထနေသော နိုင်ထူးရှိရာဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာပြီး ထိုသတ္တဝါအား ဆံပင်မှဆွဲကာ ကြမ်းတမ်းစွာ ထူလိုက်သည်။