သျှန်နောင်က တစ်စက္ကန့်မဆိုင်း ကားကို နောက်သို့ ဆုတ်လိုက်ပြီး ထိုကားကိုပင် နောက်တစ်ကြိမ် ထပ်မံဆောင့်တိုက်ချလိုက်သည်။
"ဒုန်း"
ထိုကားခမျာ ကိုယ်ထည်တခုလုံး ပိန်ရှုံ့ရုံမက ဘီးများပါ ခွင်သွားပြီး ဆက်မောင်း၍ မရတော့ပေ။ တချိန်တည်းမှာပင် အစောကတည်းက နာကျင်မှုတို့ကြောင့် ငရဲပွက်သည့် အသံတို့မှာလည်း ပို၍ ကျယ်လောင်လာတော့သည်။
နိုင်ထူးမှာ အံ့သြလွန်း၍ ဒီအတိုင်းငေးကြည့်နေရာမှ သတိဝင်လာပြီး...
"ဟာ... ငါတို့ကို ဆော်တယ်ကွ။ ဟေ့ကောင်တွေ... ဆင်းကြစမ်း"
နိုင်ထူး၏ အမိန့်သံကား ပထမကားပေါ်ရှိ လူများ၏ ညည်းညူသံကို ကျော်လွန်ကာ ဟိန်းထွက်လာတော့သည်။ ထို့နောက် ခေါင်းခန်းမှ နိုင်ထူးနှင့် driverတို့ ဦးစွာဆင်းလာပြီး နောက်ခန်းမှ နောက်ထပ် လူတစ်ဦး ဆင်းလာသည်။ သုံးဦးစလုံး တုတ်ဓါးကိုယ်စီဖြင့် သျှန်နောင်၏ ကားထံချဉ်းကပ်လာခဲ့သည်။
သျှန်နောင် ကားကို ရည်ရွယ်ချက်ရှိရှိ ထိုအတိုင်းရပ်ထားလိုက်သည်။ ထို pickup truck ခမျာ container နှင့် သျှန်နောင်၏ကား ကြားတွင် ညှပ်နေသည်ဖြစ်ရာ တံခါးတစ်ခုမှ ဖွင့်မရတော့။ ထိုကားပေါ်မှ လူများမှာလည်း ဆင်းမလာနိုင်တော့။ ဤကားမှ လူအားလုံးမှာ နလံမထူနိုင်သည် မှန်သော်လည်း သတိဆိုတာ ပိုသည်မရှိမဟုတ်လား။ ထို့နောက် passenger seat အောက်တွင် ထားရှိသော tool box ထဲမှ ဝက်အူကျပ်သည့်ခွရှည်ကို ကောက်ဆွဲကာ ကားပေါ်မှ ဆင်းလိုက်သည်။
"ဘယ်သူများလဲမှတ်တယ် မင်းကိုး"
အရှိန်ပြင်းပြင်းနှင့် ကျဆင်းနေသော ထိုမိုးစက်တို့သည် သျှန်နောင်၏ ကိုယ်ပေါ်ရှိ ကိုယ်ကျပ်အင်္ကျီနှင့်ဘောင်းဘီအား ခန္ဓာနှင့် ပို၍တသားထဲဖြစ်စေကာ ကျစ်လစ်လှပသော ကောက်ကြောင်းတို့ကို အသေးစိတ်ပုံဖော်နေသည်။ ထို့အပြင် ဘေးဘီရှိ လမ်းမီးတိုင်တို့မှ မလင်းတလင်းမီးရောင်တို့သည်ကား နတ်တမျှလှပသော ထိုသူ၏ မျက်နှာပေါ်မှ သွေးဆာနေသည့် မျက်လုံးအစုံကို စလိုက်မီးထိုးထားသကဲ့သို့ တောက်ပြောင်နေစေသည်။