စာစဉ် ၁၆ ( ၁ + ၂ )
Start from the beginning
ဒီနောက်၊ သူမ မြင်လိုက်တော့သည်ကား…..
ထမင်းစားပွဲအရှေ့တွင် ထိုင်လို့နေပါသည့် လျိုယင်။
သူကား ခါတိုင်းလို အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားလျက်။ သူ၏အမူအရာသည်ကား မှောင်ကုတ်လို့နေချေသည်။ လက်အောက်ငယ်သားတို့သည် သူတို့၏ခေါင်းဆောင် စိတ်ကြည်သာမနေခြင်းကို သိနေကြဟန်တူသည်။
သူုတို့အားလုံး လုံးဝအတိပင် ငြိမ်သက်လို့နေကြသည်တည့်။
ရီဝမ်ဝမ်အား မြင်လိုက်ကြသည့်နောက်၊ လူတိုင်း၏အကြည့်တို့သည် လူ့သဘာဝအတိုင်း ခေါင်းဆောင်ဖြစ်သူထံ လှည့်ကြည့်လာကြတော့ ၏….
ရီဝမ်ဝမ်၊ လူတိုင်း၏အကြည့်နောက် လိုက်ကြည့်လိုက်မိရကား၊
သူမ တွေ့လိုက်ရသည်ကား….
လျိုယင်၊ သူ့နဖူးတွင် အဖြူရောင်ပတ်တီးကြီး စည်းထားချေပြီး ထိုနေရာကနေ သွေးတို့စိမ့်ထွက်နေခြင်းပင်တည်း….
ရီဝမ်ဝမ်၊ ဤသည်အား မြင်လိုက်ရလေရာ၊ သူမလေး၏စိတ်ဓာတ် ကျနေသည့် စိတ်အခြေအနေမှာ ချက်ချင်းပင် လျော့ကျသွားတော့ လေသည်။ သူမလေး လျှောက်ဝင်လာခဲ့တော့ပြီး လျိုယင်မျက်နှာချင်း ဆိုင်က ထိုင်ခုံတွင်ပင် ထိုင်ချလိုက်တော့လေသည်။
ရီဝမ်ဝမ်၊ လက်တစ်ဖြင့် သူမမေးစေ့လေးအား ထောက်ထားလျက်၊ လျိုယင်၏နဖူးပြင်မှ ပတ်တီးစည်းကြီးအား ချီးကျူးထောပနာပြုလို့ နေတော့၏။  “အားရား ~ ငါများ မှားမြင်နေမိတာလား။ ဒါက ငါ့တို့ရဲ့အံ့သြလောက်စရာ စကေးပြည့်ဝလွန်းတဲ့ ခေါင်းဆောင်ကြီး၊ သုံးနှစ်အတွင်း သွေးမထွက်ဖူးဘူး ဆိုတဲ့ ခေါင်းဆောင်ကြီး ၊ လျိုယင် တဲ့လား။ သူက တကယ်ကြီး အရိုက်ခံထားရပြီး ဆိုးဆိုးဝါးဝါးကြီးကို ဒဏ်ရာရထားပါရော့လား ။  ငါ အိပ်မက်မက်နေတာများလား”
လျိုယင်၏မျက်နှာသည်ကား စားပွဲပေါ်က ကော်ဖီအနက်ရောင်ထက်ပင် ပိုမည်းနက်လို့နေချေပြီ။ ချက်ချင်းပင်၊ သူ့လက်ထဲက ဇွန်းအား လိမ်ချိုး ပစ်လိုက်တော့သည်တည်း။
မနေ့ညက ရီဝမ်ဝမ်အား လှောင်ပြောင်သရော်ခဲ့ကြပါသည့် ထိုကိုယ်ရံတော်တို့သည်ကား သူတို့ရဲ့ခေါင်းတို့ ငုပ်လျိုးနေကြလေပြီ။ သူတို့တွေ တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ်ချောင်းဟမ့်နေ ကြပြီး သူတို့ရဲ့မျက်နှာတို့ကား ပူလောင်အိုက်စပ်လို့နေကြလေပြီ။