စာစဉ် ၁၆ ( ၁ + ၂ )
Start from the beginning
ရင်းနှီးအကျွမ်းဝင်နေသည့် အငွေ့အသက်ကို ခံစားမိ၍ ဖြစ်ခြိမ့်မည်။ သဘာဝအတိုင်းပင် ရီဝမ်ဝမ်၊ ထိုလူ၏ရင်ခွင်ထဲ တိုးဝင်လာပြီး
တီးတိုး ရေရွတ်လာချေ၏။ “အရမ်းပဲ လွန်တယ်… သူ အရမ်း လွန်တယ်…. သူ ငါ့ကို မုဆိုးမဖြစ်စေချင်နေတာလား”
“ကိုယ် မဖြစ်စေချင်ပါဘူး”
တိုးညင်းပြီးခြောက်သွေ့သည့် အသံတစ်ခုက ပြန်ဖြေလာလေရာ။
“လူလိမ်….လူလိမ်….”
သူမ၏အတိတ်ဘ၀တုန်းက သူတို့ မကွာရှင်းမိခဲ့ကြလျှင်
သူမလေးသည် မုဆိုးမအဖြစ်နှင့် အဆုံးသတ်ခဲ့ရမည်ပင်….
….
နောက်တစ်နေ့မနက်၊ ရီဝမ်ဝမ်၊ အိပ်ရာနိုးထလာသည့်အချိန်၊ ဟော်တယ်အိပ်ရာပေါ်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိ သွားတော့သည်။
စီရီဟန်သည်ကား သူမဘေးတွင် ရှိမနေပါချေ။
သူကား အကြီးအကဲအဖွဲ့နှင့် အစည်းအဝေးလုပ်ဖို့ရာ
ထွက်သွားခြင်း ဖြစ်ခြိမ့်မည်။
ရီဝမ်ဝမ်၊ သူမနားထင်အား ပွတ်သပ်လိုက်တော့ပြီး
အ၀တ်အစားတို့လဲကာ အစားအသောက်အတွက် စားသောက်ဆိုင်ဆီသို့ ဆင်းသွားတော့၏။
ရန်သူတို့ကား ထိပ်တွေ့တိုက်ကြရန် ကံပါလာကြချေသည်တည်း ။
သူမလေး အထဲသို့ ခြေတစ်လှမ်း ချလိုက်မိရုံရှိသေး။
လျိုယင်နှင့် သူ့ကိုယ်ရံတော်အဖွဲ့ စားသောက်နေကြသည်ကို တွေ့လိုက်ပါပြီ။
အရပ်ရှည်ကြပြီး ကြွက်သားတို့အမြှောင်းမြှောင်းထနေသည့် ဗလတောင့်တောင့်ကိုယ်ရံတော်တို့သည်လည်း ၀င်ပေါက်ဝက ရီဝမ်ဝမ်အား သတိပြုမိသွားကြတော့ပြီး ချက်ချင်းဆိုသလိုပင်
သူတို့ စားသောက်နေသည်အား တန့်ရပ်သွားကြတော့ပေပြီ။
သူတို့တစ်ယောက်ချင်းစီ၏မျက်လုံးတို့သည်ကား
ရီဝမ်ဝမ်ဘက်သို့ လှည့်လာ ကုန်ကြလျက်။
သူမအား သူတို့ ပေးလာကြသည့်အကြည့်တို့မှာ
ဖော်ပြမစွမ်းနိုင်စွာ။
ရီဝမ်ဝမ်၊ ဤသည်အား မြင်လိုက်သည့်အချိန်၊ သူမ၏မျက်ခုံးတို့ ပင့်တက်သွားချေတော့ပြီး သူမ သတိတရဖြင့်ပင် လျိုယင်အား လှည့်ကြည့်မိလိုက်တော့သည်…