"သျှန်နောင်ရာ ငါ့အပြစ်တွေပါကွာ။ ငါသာ စောရောက်ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။"
" မဟုတ်ပါဘူး ကိုချူးဝေရာ။"
သျှန်နောင် သက်ပြင်းရှိုက်ကာ ထရပ်လိုက်သည်။ ကိုယ်တိုင်က အတန်တည်ငြိမ်ပြီဆိုမှ ကျားကြီး၏ ရုပ်အလောင်းနှင့် မိသားစုများရှိရာ အခန်းသို့ ဝင်သွားပြီး နောက်ဆုံးအနေဖြင့် ကျားကြီးမျက်နှာကို ကြည့်လိုက်သည်။ ထို့နောက် ကျားကြီး၏ ဇနီးသည်ဖြစ်သူ မဆန်းခိုင်ဘက်လှည့်ကာ....
"ကျွန်တော် တောင်းပန်ပါတယ် အစ်မရယ်။ ကျားကြီးရဲ့ ကိစ္စအဝဝကိုရော အစ်မတို့ရဲ့ နောက်ပိုင်း စားဝတ်နေရေးကိုပါ ကျွန်တော် ထောက်ပံ့ပါရစေ။"
"သျှန်နောင်ရယ် အစ်ကို ဒီလိုဖြစ်သွားတယ်ဆိုတာ ငါမယုံနိုင်သေးဘူးဟယ်။ ငါက သူပြန်လာမှာကို စောင့်နေတာဟဲ့။ မနက်ဖြန် သားလေးရဲ့ မွေးနေ့ဆိုတော့ နင့်ဆီက ခွင့်တောင်းပြီး စောစော ပြန်ခဲ့မယ်တဲ့။ သားလေးမွေးနေ့မှာ ဘုန်းကြီးဆွမ်းကပ်မယ်ဆိုပြီး သူက တက်ကြွနေတာဟဲ့။ အခုတော့.... အမေလေး ဘယ်ဘဝ ဝဋ်ကြွေးလဲဟယ်။ ကောင်းမှုလုပ်ဖို့တောင် ကံကြမ္မာက မျက်နှာသာ မပေးပါလားကွယ်။"
မဆန်းခိုင်က ပြောလည်းပြော ငိုလည်းငိုဖြင့် တက်မတတ်ချက်မတတ်ဖြစ်နေရှာသည်။ သျှန်နောင်မှာ မကြည့်ရက်စွာဖြင့် သူမအား ဖေးမကာတွဲလိုက်ပြီး အနီးရှိ ခုံတွင်ထိုင်စေသည်။
"အစ်မ စိတ်လျော့ပါဦး။"
"ဟင့်အင်း ဟင့်အင်း..."
"အစ်မရော့ ရေ...ရေ... သောက်လိုက်"
သျှန်နောင်က ရေကမ်းပေးလျှင် ပုတ်ချကာ....
"ဟင့်အင်း.... ငါ့သောက်လည်း ငါ့ယောက်ျားက ပြန်ရှင်လာမှာ မဟုတ်ဘူး။ ငါ့ယောက်ျားပဲ ပြန်ခေါ်ပေး။"
"အစ်မ... အစ်မ သတိထားဦးလေ။"
"မေမေ...မေမေ.... အီးဟီး...."
သျှန်နောင်ခမျာ အမေတဖက်၊ ငိုနေသော ကလေးငယ်တစ်ဖက်ဖြင့် ဘာလုပ်ရမှန်းမသိ။ ထိုစဥ် ချူးဝေမှာ ငိုသံစူးစူးဝါးဝါးတို့ကြောင့် အခန်းထဲသို့ပြေးဝင်လာကာ...