Yibo ​ပြောချင်​တာ​ပြောပြီး Xiao Zhanလက်​ကိုအတင်းဆွဲ​ခေါ်လာကာ ကား​ပေါ်တင်​လိုက်​သည်​...

နောက်​မှာကျန်​ခဲ့တဲ့ မိန်းကလေးက​တော့ ​တော်​​တော်​​ဒေါသထွက်​​နေမှာပဲ ဒါ​ပေမဲ့စိတ်​မဝင်​စားပါဘူး ကျ​တော်​စိတ်​ဝင်​စားတာZhan geတစ်​​ယောက်​ထဲ...

"ဝမ်​​လေး..."

"အွန်း..."

"ဘာလို့အဲ့လိုကြီး​ပြောလိုက်​တာလဲ အားနာစရာ"

"ကြည့်​မရလို့!"

"ကြည့်​မရလဲ ဝမ်​​လေးရယ်​ အဲ့လိုကြီးကျ....."

"ခုZhan Geကသူ့ကိုကျအားနာ​နေပြီး ကျ​တော်​စိတ်​တို​နေတာကျ မမြင်​ဘူးလား??"

"အဲ့လိုမဟုတ်​ပါဘူးကွာ..."

"ပြန်​ရ​အောင်​..."

Xiao Zhanလဲ Yiboအရမ်းစိတ်​တို​နေတဲ့ပုံ​ပေါ်တာ​ကြောင့်​ ကား​ပေါ်မှာငြိမ်​ငြိမ်​​လေးသာလိုက်​ခဲ့​တော့သည်​။

🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀

"ငါ့ကို Wang​လေး စိတ်​ဆိုး​နေတယ်​"

ဒီ​နေ့ night Dutyကျတာ​ကြောင့်​ Yubinနဲ့Xiao Zhan​နှစ်​​​ယောက်​လုံး​ဆေးရုံ​ရောက်​​နေခြင်းဖြစ်​သည်​။

ပြောစရာရှိတယ်​ဆိုပြီး Xiao Zhanကျ​တော့်​ကို​ခေါ်ထားသည်​မှာ နာရီဝက်​ခန့်​ရှိ​နေပြီ​ပေမဲ့ ဘာမှ​ပြောမလာတာ​ကြောင့်​ ကျ​တော်​လဲ မ​မေးပဲသူ​ပြောတာကိုသာ​စောင့်​​နေလိုက်​သည်​..

နာရီဝက်​ကြာလို့ ​ပြောလာတဲ့ စကားကYubinကို​တော်​​တော်​အံ့သြသွား​စေသည်​။

Wang​လေး Wang Yibo​က​လေ Xiao Zhanကိုစိတ်​ဆိုးတယ်​ ဒါကမဖြစ်​နိုင်​တာကြီး Wang Yibo​လောက်​Xiao Zhanကိုအ​သေချစ်​ပြီး အလိုလိုက်​​ပေးတဲ့သူက စိတ်​ဆိုးရ​လောက်​တဲ့အထိ Xiao Zhanဘာသွားလုပ်​မိလို့လဲ??

"ဒီလိုကွာ..############"

Yubin အံသြ​နေမှန်းXiao Zhanသိတာ​ကြောင့်​ မ​နေ့ကအ​ကြောင်း​တွေကိုတစ်​ခုမကျန်​ အကုန်​​ပြောပြလိုက်​သည်​..

"Xiao Zhanမင်းမှာ မိန်းက​လေးအသိရှိလို့လား??"

Yiboစိတ်​ဆိုးသွားတာထက်​ Xiao Zhanမှာမိန်းက​လေးအသိရှိတယ်​ဆိုတာက Yubinကိုပိုအံ့သြ​​စေသည်​..

လူဆိုးလေးရဲ့ဒေါက်တာWhere stories live. Discover now