🎀7🎀

16.1K 1.4K 42
                                    

(Zawgyi)

"Geလဲ Geလဲချစ်တယ် Wangလေး"

ပြောပြီးစားပွဲပေါ်မှောက်သွားတဲ့ Xiao Zhanကိုကြည့်ပြီး Yiboနှစ်နှစ်ကာကာ ပြုံးလိုက်သည်။

နောက်ဆုံးတော့နောက်ဆုံးတော့ Zhan Geပြောလာခဲ့ပြီပဲ မူးနေလို့ပြောလာတယ်ဆိုရင်တောင် ကျတော်အရမ်းပျော်တယ်။အပြင်မှာရဲရဲဝံ့ဝံ့ Zhan Geပြောလာမဲ့အချိန်ကိုစောင့်နေမှပါ ချစ်တယ်Zhan Ge.

Yibo ပျော်လွန်းလို့မျက်ရည်ကျလာတာကို ရှေ့ကမှောက်နေပြီဖြစ်တဲ့ အမူးသမားလေးက ခေါင်းထောင်ကြည့်လာပြီး Yiboမျက်ရည်တွေကို လက်လေးဖြင့်ဖွဖွလေးသုတ်ပေးကာ..

"Wangလေးကိုဘယ်သူလုပ်တာလဲ?? Geကိုပြော အီးဟီး သူများWangလေးကို ဟင့် ဘာလို့ငိုအောင်လုပ်ကြတာလဲ အီးဟီး ဟင့် ဟင့်"

ဘယ်သူလုပ်တာလဲဆိုပြီး မျက်ရည်တွေသုတ်ပေးနေရာက ရင်ခွင်ထဲအတင်းဝင်လာပြီး ဖက်လာတဲ့ Xiao Zhanကြောင့် Yiboကြောင်သွားရသည်။

"Wangလေး မငိုရဘူးနော် ဟင့် Wangလေးမငိုရဘူး Wangလေးကအမြဲပျော်နေရမှာ ဟင့် Geသိပ်ချစ်ရတဲ့Wangလေးက .."

ရင်ခွင်ထဲကနေ ရှိုက်သံလေးတွေနဲ့ ပြောလာပြန်တဲ့ Xiao Zhanကြောင့် Yiboတင်းနေအောင်ပြန်ဖက်ထားလိုက်ပြီး သူပါငိုနေမိတယ်။

Zhan Geရယ်ကျတော့်ကိုအဲ့လောက်တောင် ချစ်တာလားဗျာ

နှစ်ယောက်သားအချိန်တော်တော်ကြာဖက်ထားပြီးမှ

Yiboရင်ခွင်ထဲကXiao Zhanကိုကြည့်လိုက်တော့ အိပ်ပျော်နေပြီမလို့ Yiboလဲပြုံးလိုက်ရင်း Xiao Zhanကိုပွေ့ချီကာ ဆိုင်ထဲကထွက်လာလိုက်သည်..

🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀

တိုက်ခန်းရှေ့ရောက်တော့ အမူးသမားလေးကို အခန်းထဲလိုက်ပို့လိုက်ပြီး ကုတင်ပေါ်တင်ပေးလိုက်တာ ခြေလက်သန့်စင်ပေးလိုက်တယ်။

စောင်လေးကိုရင်ဘတ်ထိခြုံပေးလိုက်ပြီး နေ့ခင်းထဲကအရမ်းနမ်းချင်နေတဲ့ပါးလေးနှစ်ဖက်ကို နှစ်ခေါင်းနစ်ဝင်သွားအောင်အထိနမ်းလိုက်မိသည်
...

"Zhan Geကျတော်ပြန်တော့မယ်နော် မနက်ဆိုင်ကယ်ပြိုင်ပွဲရှိတော့ မပြန်လို့မရလို့ပါ ခုနကနမ်းလိုက်တာလဲစိတ်မဆိုးနဲ့နော် ကျတော်စိတ်မထိန်းနိုင်တော့လောက်အောင် Zhan Geမူးနေတာလေးကပါးလေးတွေရဲပြီး ချစ်ဖို့ကောင်းနေတာကို😁 ပြီးတော့စားပွဲပေါ်စာရေးပြီးတင်ခဲ့ပေးမယ်နော် မနက်ပွဲရှိတာမေ့မှာဆိုးလို့"

လူဆိုးလေးရဲ့ဒေါက်တာWhere stories live. Discover now